DVB Logo
Home
မြန်မာသတင်း
လႈိင္သာယာ ဆုိလာမုိဒါ အထည္ခ်ဳပ္အလုပ္သမားမ်ား ဆနၵျပ
DVB
·
October 18, 2013
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင်းက ဆိုလာမိုဒါအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လစာတိုးမြင့်ရလိုမှုအတွက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ် အောက်ထိပ်မှတ်တိုင် ရွှေသံလွင် စက်မှုဇုန်နားမှာ တည်ရှိတဲ့ ဆိုလာမိုဒါအထည်ချုပ်စက်ရုံမှာ ၀န်ထမ်း ၄၅၀ လောက်ရှိတဲ့အနက် ၁၇၀ ကျော်က ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

လစာတိုးရရေးအပါအ၀င် အလုပ်သမားတွေရဲ့ လိုလားချက်တွေကို အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ခုလို ပြောပါတယ်။

“လုပ်ခလစာ တိုးမြှင့်ကြေးရေးအပါအ၀င် ကျန်တဲ့ အချက် ၁၆ ချက်တင်ထားပါတယ်။ အဓိကကတော့ အချိန်ပိုဆင်းရတာများပြီး လုပ်ခနည်းတာပါတယ်။ အလုပ်ခေါ်ချိန်မှာ ၁ သိန်း ၃ သောင်းရမယ်ဆိုပြီး လက်တွေ့ကြတော့ မရဘူး။”

အချိန်ပိုကလည်း ၁ ရက်ကို ၈ နာရီခန့်ဆင်းရတဲ့အပေါ်မှာလည်း အလုပ်သမားတွေ ဘက်က ကျေနပ်မှု သိပ်မရှိကြဘူးလို့ ပြောပါတယ်။ အလုပ်သမားကိုယ်စားလှယ်တွေ ရွေးချယ်ပြီး စက်ရုံ ညှိနှိုင်းရေးကော်မတီမှာ တရားဝင်ဖြေရှင်းပေးဖို့ တင်ထားပေမယ့် စက်ရုံဘက်က လျစ်လျူရှုထားတယ်လို့ ဆိုပါတယ်။

“စက်ရုံ ညှိနှိုင်းရေးကော်မတီမှာ တရားဝင်ဖြေရှင်းပေးဖို့ တင်ထားပေမယ့် ဖြေရှင်း မပေးတဲ့အပြင် မန်နေဂျာတွေ လူမှုရေးမန်နေဂျာတွေက ဖမ်းမယ် ဆီးမယ်။ ရဲတိုင်မယ် ခြိမ်းခြောက်တာကြောင့် ကျယ်ပြန့်သွားတာပါ။”

အောက်တိုဘာ ၁၅ ရက်နေ့က အလုပ်သမားတွေဘက်က သူတို့ပိုင်ခွင့်အရေးအရေးတွေ တင်ပြတာကို မဖြေရှင်းပေးတဲ့အတွက် ခုလို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လွှတ်တော်တွေမှာတော့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်အားခတွေကို သတ်မှတ် ပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ဒီဥပဒေထွက်လာရင်တော့ အလုပ်သမားပြဿနာ အထိုက်အလျောက် လျော့နည်းသွားဖွယ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013