DVB Logo
Home
မှုခင်း/မူးယစ်ဆေး
လက်ပံတောင်း အရေးအတွက် လွှတ်တော်အမတ် အကြံပြု
DVB
·
October 18, 2013
လက်ပံတောင်း အရေးအတွက် လွှတ်တော်အမတ် အကြံပြု
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ လေ့လာတွေ့ရှိချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ဒေသခံတွေရဲ့ သဘောထားတွေကို စုစည်းပြီး အုပ်ချုပ်ရေးပိုင်းကို အကြံပြု တင်ပြလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ ဆန္ဒပြပွဲတွေကို နှိမ်နင်းခံရစဉ်က လွှတ်တော်မှာ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းဖို့ အဆိုတင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတဲ့အခါမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
အစိုးရဘက်က ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ်လို့ ကတိက၀တ်ပြုပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီး အကောင်အထည် ဖော်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။

အဲဒီကော်မတီထံ တင်ပြခဲ့တဲ့ အကြံပြုစာပါ အဓိကအချက်တွေကို ဒေါ်ခင်စန်းလှိုင်က ခုလို ပြောပါတယ်။
“အဓိကကတော့ ဒီစီမံကိန်းပြန်စမယ်ဆိုရင် EIA၊ SIA (ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုဘ၀ ဆန်းစစ်ချက် စစ်တမ်း) မရှိဘဲနဲ့ ဒီစီမံကိန်းပြန်မစသင့်ကြောင်း ကျမ ပြောပါတယ်။ မိုးကြိုးစာဖြူရစ် အက်စစ် စက်ရုံက ISO (နိုင်ငံတကာ အဆင့်အရည်အသွေး စံချိန်မီ) လက်မှတ် အခုထက်ထိ မရသေးပဲနဲ့ ဒီလိုဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုကို ပိုပြီးတိုးလာစေတယ်လို့ ကျမပြောတယ်။ နောက်တခုက လယ်ယာမြေလျှော်ကြေးကို ဈေးကွက်ညီမျှမှုအရ လျော်ပါလို့ပြောတယ်။ လျော်ကြေးပေး သတ်မှတ်ချက်က ဒေသခံတွေရဲ့ ဒီနေ့ ပေါက်ဈေးအရ ကွာခြားနေတဲ့အပေါ်မှာ လွှဲမှားနေတာကို တင်ပြပါတယ်။ ကွန်ပျူတာ သင်တန်းတွေ၊ စက်ချုပ်သင်တန်းတွေ ပေးတယ် ဆိုပေမယ့် ကျမက အဓိက ထားပြီးပြောချင်တာက ဒီဒေသခံများအားလုံးကို မြင်သာတဲ့ လက်ငင်းချက်ချင်း အကျိုးကျေးဇူး ရရှိနိုင်တဲ့ လုပ်ငန်းမျိုးတွေ ဆောင်ရွက်ပေးဖို့ ပြောပါတယ်။”

အချက်ပေါင်း ၂၁ ချက်ပါရှိတဲ့ သူရဲ့အကြံပြုချက်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လက်ပံတောင်းဒေသခံတွေ အောက်တိုဘာ ၁၅ ရက်နေ့က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဒေါ်ခင်စန်းလှိုင်က အကြံပြုချက် တင်ပြပြီးတဲ့နောက်ပိုင်းမှာ လက်ပံတောင်းဒေသခံ ရွာသားတွေရဲ့ နှမ်းခင်းတွေ ဖျက်ဆီးခံရတာနဲ့ လျော်ကြေးငွေမယူတဲ့ ရွာသားတွေရဲ့မြေတွေပါ ခြံခတ်ခံရတာတွေ ဖြစ်ခဲ့ကြလို့ အဲဒီဆွေးနွေးပွဲမှာ တင်ပြ လျော်ကြေးတောင်းခဲ့ကြပါတယ်။

ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းနဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ ရွာသားတွေရဲ့ လိုလားချက် တွေကို ရေးမှတ်သွားပြီး နောက်တကြိမ် ထပ်မံတွေ့ဆုံဖို့သာ ကတိပြုပြီး ပြန်သွားတယ်လို့ ဆိုပါတယ်။

တစုံတရာ ဆုံးဖြတ်ချက်မပေးတဲ့အပေါ် မကျေနပ်ကြတဲ့ ရွာသားတွေဟာ သူတို့လယ်မြေတွေ ပြန်လည်ရရေးအတွက် အောက်တိုဘာ ၁၇ ရက်နေ့ နေ့ခင်းပိုင်းက ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး သူတို့ လယ်မြေတွေမှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ကိုယ်တိုင် မြင်တွေ့ရတဲ့ ဦးဇင်းတပါးက ရဲနဲ့ ရွာသားတွေ ထိပ်တိုက် တွေ့နေပုံကို ခုလို မိန့်ပါတယ်။
“အခုဆိုရင် လက်ပံတောင်းတောင် သတ်မှတ်နယ်မှာ လျော်ကြေးမယူတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုးတွေ ခတ်ပြီးတော့ ကာလိုက်တဲ့အတွက် တောင်သူ လယ်သမားတွေက ၀င်ခွင့်မရ၊ မိမိတို့ လယ်ယာသီးနှံတွေကို ရိတ်သိမ်းခွင့် မရတဲ့တွက် ချီတက်ပြီး ဆန္ဒပြတောင်းဆိုတာပါ။ နေ့လယ်ပိုင်းမှာ ရဲတွေနဲ့ ဒေသခံတွေ ထိပ်တိုက် တွေ့တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013