DVB Logo
Home
မြန်မာသတင်း
ရပ်တန့်နေသည့် ရန်ကုန်မြို့ လူကူးခုံးတံတားများပေါ်က စက်လှေကားများ 
DVB
·
May 23, 2026
ရပ်တန့်နေသည့် ရန်ကုန်မြို့ လူကူးခုံးတံတားများပေါ်က စက်လှေကားများ 
1 / 7
Photo : သားငယ်(DVB)
Donate to DVB

ဒီမိုကရေစီအမည်ခံ စစ်တပ်အသွင်ပြောင်း သမ္မတ ဦးသိန်းစိန်လက်ထက်က စပြီး အကောင်အထည် ဖော်ခဲ့တဲ့ ရန်ကုန်မြို့တွင်းက လူကူးခုံးကျော်တံတားတွေပေါ်က စက်လှေကားတွေဟာ လက်ရှိ အချိန်မှာ ပျက်စီးယိုယွင်း ရပ်တန့်နေပါတယ်။

မြို့တွင်းက လမ်းအသုံးပြုသူတွေနဲ့ အများပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းဆိုတဲ့ ရည်ရွယ်ချက် နဲ့ တည်ဆောက်ခဲ့တဲ့ မြို့တွင်းက လူကူးခုံးတံတားတွေမှာ စက်လှေကားတွေပါ ထည့်သွင်း တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ အဲဒီစက်လှေကားတွေဟာ ပျက်စီးယိုယွင်းပြီး ဒီနေ့အထိ ရပ်တန့်နေတဲ့ အတွက် ပြည်သူတွေဟာ သာမှန်လှေကားတွေလိုပဲ လမ်းလျှောက်တက်နေကြရတာ ဖြစ်ပါတယ်။

စက်လှေကားတွေ ညစ်ပတ်ပြီး ပျက်စီးယိုယွင်းနေပေမဲ့ စစ်အာဏာရှင် တိုင်းအစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့က မပြုပြင်မထိန်းသိမ်းဘဲ ပစ်ထားကြတဲ့အတွက် နိုင်ငံဘဏ္ဍာ အမြောက်အမြား လေလွင့်ဆုံးရှုံးနေတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013