DVB Logo
Home
မြန်မာသတင်း
ဦးမန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း CRPH ကြေညာ
DVB
·
March 9, 2021
ဦးမန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း  CRPH ကြေညာ
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဦးမန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း မတ်လ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရကို စစ်အုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတဲ့အတွက် နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရန်အတွက်လည်းကောင်း ဦးမန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားတဲ့အတွက် နိုင်ငံတော်သမ္မတက တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ အခြေအနေမရှိတဲ့ ကာလမှာ  ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ  ထမ်းဆောင်ဖို့ တာဝန် အပ်နှင်းလိုက်တယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013