DVB Logo
Home
မြန်မာသတင်း
DVB အပါအဝင် သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုက ကြေညာ
DVB
·
March 8, 2021
DVB အပါအဝင် သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုက ကြေညာ
Donate to DVB

DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ  ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အရင်က ထုတ်ဝေခွင့်ပြုပေးခဲ့တဲ့ DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းဌာနတို့ရဲ့ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ဒီကနေ့မှ စပြီး ပိတ်သိမ်းလိုက်ကြောင်း အဆိုပါ သတင်းဌာနတွေအနေနဲ့ မီဒီယာ အမျိုးအစားတခုခုကို အသုံးပြုလို့ ဖြစ်စေ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုလို့ ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုဖို့ ကြေညာတဲ့ အကြောင်းဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို MRTV နဲ့ မြဝတီရုပ်မြင်သံကြားတို့ကနေ ဒီကနေ့ညမှာ သတင်းထုတ်ပြန်ကြေညာ သွားတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး DVB နဲ့ Mizzima တို့ရဲ့ Free-to- Air ရုပ်သံချယ်နယ်တွေကို လည်း ဖြတ်တောက်ပစ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013