DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီ ဆုပေးပွဲ အခမ်းအနား တင်ဒါခေါ်မည်
DVB
·
October 17, 2013
အကယ်ဒမီ ဆုပေးပွဲ အခမ်းအနား တင်ဒါခေါ်မည်
Donate to DVB

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ ကျင်းပမယ့် လုပ်ငန်းဆိုင်ရာ တင်ဒါတွေကို လာမယ့် နိုဝင်ဘာလထဲမှာ ခေါ်ယူသွားမယ်လို့ မြန်မာ့ရုပ်ရှင်လုပ်ငန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်န့က ဗဟန်းမြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အကယ်ဒမီ ဆုပေးပွဲ အခမ်းအနား လုပ်ငန်းစဉ် ရှင်းလင်းတင်ပြပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တင်ဒါ ခေါ်ယူမယ့် အထဲမှာ စင်မြင့်ဆောက်လုပ်တာ၊ ဒီဂျစ်တယ်စနစ် တပ်ဆင်တာ၊ မီးအလှဆင်တာနဲ့ စင်မြင့်ပြင်ဆင်တာ စတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အကယ်ဒမီဆုပေးပွဲကို ရန်ကုန် သုဝဏ္ဏပြိုင်ပွဲရုံမှာ ကျင်းပခဲ့ပေမယ့် အခုနှစ်မှာ အရှေ့တောင်အာရှအားကစားပွဲတွေ ရှိနေတဲ့အတွက် နေရာ အသေအချာ မသတ်မှတ်ရသေးဘူးလို့ အဲဒီပွဲမှာ ရှင်းလင်းခဲ့ပါတယ်။

ရှင်းလင်းပွဲကို မြန်မာ့ရုပ်ရှင်လုပ်ငန်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေတင်မက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နာယကတွေနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013