DVB Logo
Home
အာရှဒေသ
အိန္ဒိယအတိုက်အခံက ၀န်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းမှုအပေါ် အငြင်းပွား
DVB
·
October 17, 2013
အိန္ဒိယအတိုက်အခံက ၀န်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းမှုအပေါ် အငြင်းပွား
Donate to DVB

အိန္ဒိယရဲ့ အဓိကအတိုက်အခံပါတီ ဘီဂျေပီက သူပါတီရဲ့ ၀န်ကြီးချုပ်လောင်းအဖြစ် နာရင်းဒရားမိုဒီကို ကြေညာပေးခဲ့ပါတယ်။
အတော်များများက ဂူဂျာရတ်ပြည်နယ်ရဲ့ စီးပွားရေးကို အောင်မြင်အောင် လုပ်ဆောင် ပေးနိုင်တဲ့အတွက် ချီးကျူးကြပေမယ့် သူ့မှာ နောက်ခံသမိုင်း အမည်းစက်တခုလည်း ရှိနေခဲ့ ပါတယ်။

သူဟာ ၂၀၀၂ ခုနှစ် ထောင်နဲ့ချီတဲ့ မွတ်စလင်တွေ သေဆုံးခဲ့ရတဲ့ ဂူဂျာရတ် ရုန်းရင်း ဆန်ခတ်ဖြစ်မှုမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ အိန္ဒိယနိုင်ငံရဲ့ နောက်ဝန်ကြီးချုပ်အတွက် အဓိက အတိုက်အခံပါတီ ဘီဂျေပီပါတီက ၀န်ကြီးချုပ်လောင်း ရွေးချယ်ကြေငြာပေးခဲ့တဲ့အပေါ်မှာ ကြိုဆိုအထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်။
သူတို့က နာရင်းဒရားမိုဒီဟာ အိန္ဒိယနိုင်ငံက လိုအပ်နေတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

“မကြာခင်က ပြဆိုနေတာတွေ အားလုံးနဲ့ ပြည်သူလူထုရဲ့ အတွေးအမြင်နဲ့ ထင်မြင်ချက် ကောက်ယူမှုတွေပေါ်မှာ ကျနော်တို့ရဲ့ ကိုယ်ပိုင် အကဲဖြတ်ချက်တွေက နာရင်းဒရား မိုဒီဟာ ဘီဂျေပီပါတီထဲကရော၊ ပြင်ပက သူနဲ့ ခေတ်ပြိုင်တွေ ကြားမှာ လူကြိုက်အများဆုံးလို့ ပြသနေပါတယ်။ သူက ရှေ့ဆုံးက ပြေးနေပါတယ်” လို့ အကြီးတန်း ဘီဂျေပီခေါင်းဆောင် အရမ်းရိုက်တလေက ရှင်းပြခဲ့ပါတယ်။

မိုဒီဟာ လက်ရှိ ဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် သူရဲ့ ၃ ကြိမ်မြောက် သက်တမ်း အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
သူ့ကို လွန်ခဲ့တဲ့ ၁၂ နှစ်ကာလက ချီးမွမ်းလေးစားစရာ စီးပွားရေးတိုးတက်မှုတွေ လုပ်ဆောင်ပေးခဲ့အတွက် လူအတော်များများက ချီးကျူးခဲ့ကြပါတယ်။
ဆူနီးလ်အလာဂ်လို စီးပွားရေးသမားတွေကတော့ မိုဒီဟာ ဂူဂျာရတ်ကို ပြီးပြည့်စုံတဲ့ ရင်းနှီးမြှပ်နှံမှု အချက်အချာနေရာတခု ဖြစ်အောင် လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ခင်ဗျားတို့ မိုဒီကို တခြားလူတွေနဲ့ ဒါမှမဟုတ် ဂူဂျာရတ်အစိုးရနဲ့ တခြားပြည်နယ် အစိုးရ
တွေ အားလုံးနဲ့ ယှဉ်ကြည့်တဲ့အချိန်မှာ အံ့ဩစရာကောင်းအောင်ကို လူကြိုက်များတာ တွေ့ရမယ်ဗျ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က တိုးတက်လာမှုဟာ အမြင့်မားဆုံးဖြစ်ခဲ့ပြီး ဂူဂျာရတ်က ဦးဆောင်နေတာပါပဲ။”

အောင်မြင်မှုတွေ ရှိနေပေမယ့် ၂၀၀၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့  လူထု ရုန်းရင်းဆန်ခတ်ဖြစ်မှုရဲ့ အရိပ်မည်းကြီးကနေတော့ မိုဒီနဲ့ သူအဖွဲ့တွေ ရုန်းထွက်လို့ မရနိုင်ကြပါဘူး။
ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ မွတ်စလင် ၂၀၀၀ နီးပါး အသတ်ခံခဲ့ရပြီး မိုဒီဟာ အဲဒီ ရုန်းရင်းဆန်ခတ်မှုကို စပြီး ဖြစ်အောင်လုပ်ခဲ့ပြီး အကြမ်းဖက်မှုတွေကို လွှတ်ပေးထားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

“သူက ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေဖြစ်အောင် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်ပါဗျာ။ သူက အဲဒီကိစ္စမှာ တကျိတ်တည်းတကြံတည်း ဖြစ်ပြီး အားပေးခဲ့တယ်လို့ ကျနော် ယုံကြည်တယ်ဗျ။ အဲဒါက သူရဲ့ ပြည်ထဲရေးဝန်ကြီး အဖမ်းခံရတဲ့အထိ ခံရတဲ့သူတွေကို အားပေးအားမြှောက် လုပ်သလိုဖြစ်ခဲ့ရတယ်လေ” လို့ တယ်ဟီကာ အပတ်စဉ်ထုတ် သတင်းစာရဲ့ နိုင်ငံရေးအယ်ဒီတာ ရှိုးမာချောင်ဒရီ က ပြောပါတယ်။

အမေရိကန် အစိုးရကတော့ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မိုဒီကို ပြည်ဝင်ဗီဇာပေးဖို့ ဆက်လက် ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

သူဟာ ဘယ်တရားရုံးကမှ အပြစ်ရှိတယ်လို့ စီရင် ဆုံးဖြတ်မခံခဲ့ရသလို ဘယ်တုန်း ကမှလည်း မတောင်းပန်ခဲ့ပါဘူး။ အတော်များများက ယုံကြည်နေတာတခုကတော့ သူလုပ်ဆောင်နိုင်ခြေရှိခဲ့တာ မဟုတ်ဘူးလို့ ပြောရမှာပါပဲ။
ဒါပေမယ့် အဲဒါဟာ မွတ်စလင် လူ့အဖွဲ့အစည်းက လိုချင်တဲ့ဟာ မဟုတ်ဘူး လို့ မွတ်စလင် ကဇာတ်ဒါရိုက်တာ အာမီယာရာဇာဟူစိန်က ပြောပါတယ်။

“ကျနော်တို့က တောင်းပန်တာကို မလိုချင်ပါဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ ဖြစ်ခဲ့တဲ့ မှားယွင်းမှုတွေကို မှန်အောင်လုပ်ပေးဖို့ပါ။ ကျနော်တို့က ၂၀၀၂ ခုနှစ် မှာ နာကျင်ခံစားခဲ့ရသူတွေ ကို ဂုဏ်သိက္ခာရှိရှိ၊ တရားမျှမျှတတ ပြန်ပြီး တည်ဆောက်ပေးဖို့ပါပဲ။ ၂၀၀၂ ခုနှစ်မှာ တာဝန်ရှိခဲ့တဲ့လူတွေ အားလုံးကို အပြစ်ပေးဖို့ ကျနော်တို့ လိုလားပါတယ်။”

ဘီဂျေပီပါတီရဲ့ ၀န်ကြီးချုပ်လောင်း ရွေးချယ်မှုက အတော်များများကို တုန်လှုပ်သွား စေပါတယ်။တချို့ အကြီးတန်းခေါင်းဆောင်တွေတောင် အဲဒီလို တုန်လှုပ်သွားခဲ့တာပါ။
ဘီဂျေပီ တည်ထောင်သူတဦးဖြစ်တဲ့ အယ်လ်ကေအက်ဒ်ဝါနီက အဲဒီ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ကန့်ကွက်ခဲ့တယ်။

အက်ဒ်ဝါနီရဲ့ လက်ထောက် ဆူဒင်ဒရာခူခါလ်နီက “ပါတီကေဒါတွေကြားမှာရှိတဲ့ စိတ်ထက်သန်မှုကို နားလည်နိုင်ပါတယ်ဗျာ။ ပါတီအားလုံး ၁၀ နှစ်လောက် အာဏာလက်လွတ် ဖြစ်ပြီးခဲ့ပါပြီ။ အဲဒီတော့ ပါတီဝင်တွေ ၀န်ထမ်းတွေကြားမှာ လူကြိုက်များတဲ့သူတယောက်ကို ၀န်ကြီးချုပ်လောင်း ကြေညာတယ်ဆိုတဲ့ ထက်သန်မှုက သဘာဝကျပါတယ်ဗျာ။ ဒါပေမယ့် ဘာမှ မသိရှိရသေးတဲ့ မဲဆန္ဒနယ်တွေက တကယ့်ကို အများကြီး ရှိသေးတယ်ဗျ။ အဲဒီ ရွေးချယ်မှုဟာ မှားပြီဆိုတာကို သမိုင်းက သက်သေပြပါလိမ့်မယ်။”

ဒါပေမယ့် အကြီးတန်း သတင်းစာဆရာ ဆ၀ါပန်ဒက်စ်ဂွတ်ပ်တားကတော့ အမြင်တမျိုး ရှိပါတယ်။
“ဒီကနေ့ အက်ဒ်ဝါနီရဲ့ ၀င်ရောက် ပြောဆိုမှုကို သိပ်အရေးမပါတဲ့ မှတ်ချက်တခုလို့ ပြောရင် ရက်စက်ရာ ကျကောင်းကျနိုင်ပါတယ်။ ကျနော်ထင်တာက လူတွေက အခု အတိတ်ကို ကြည့်နေကြတာ မဟုတ်တော့ဘဲ အနာဂတ်အတွက် တစုံတရာကို ကြည့်နေပြီဆိုတာပါပဲ။”
အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ဘစ်စမီလာ ဂီလာနီက နယူးဒေလီက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013