DVB Logo
Home
မြန်မာသတင်း
ဗုံးကွဲမှုနှင့် မပတ်သက်ကြောင်း ကေအန်ယူပြော
DVB
·
October 16, 2013
ဗုံးကွဲမှုနှင့် မပတ်သက်ကြောင်း ကေအန်ယူပြော
Donate to DVB

မြန်မာနိုင်ငံမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယနဲ့ ထိန်းသိမ်းခံထားရသူဟာ သူတို့အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ငြင်းဆိုလိုက်ပါတယ်။

ဗုံးဖောက်ခွဲတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူဟာ ကေအန်ယူအဖွဲ့က ဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စဲရေးအပေါ် မကျေနပ်တာကို ပြသဖို့ ကြိုးစားတာ ဖြစ်ကြောင်း ကေအန်ယူအဖွဲ့ အမည်မဖော်လိုသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားတာပါ။

ဒီရေးသားထားချက်အပေါ် ကေအန်ယူက ငြင်းဆန်လိုက်ပြီး အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မကျေနပ်တဲ့သူမရှိကြောင်း၊ ဒါဟာ စွပ်စွဲချက်သာဖြစ်ကြောင်း ကေအန်ယူ အတွင်းရေးမှူး ၁ ပဒို သောသီဘွဲက ပြောပါတယ်။

“အောက်ခြေက လူငယ်တွေနဲ့ အဆင့်ဆင့်ခေါင်းဆောင်တွေကလည်း ငြိမ်းချမ်းရေး မလိုချင်တာ တယောက်မှမရှိပါဘူး။ ကျနော်တို့ အထက်ရော၊ အောက်ရော ပူးပေါင်းဆောင်ရွက်နေကြတာပါပဲ။”

ကေအန်ယူ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီးလုပ်လိုသူတွေက လုပ်တာဖြစ်ပြီး ကေအန်ယူအောက်ခြေအဆင့်က ပါဝင်ပတ်သက်နေ တယ်ဆိုရင်လည်း စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။

“တကယ်လို့ ပါဝင်ပတ်သက်နေတယ်ဆိုရင်လည်း ကျနော်တို့ တရားမျှတစွာ ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒါက ကျနော်တို့ ဗဟိုရဲ့ အစီအစဉ် မဟုတ်ဘူး။ အောက်ခြေမှာ တကယ်လို့ ဖြစ်ပျက်နေတာရှိရင်လည်း စုံစမ်းအရေးယူသွားမယ်။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝအထိခိုက်မခံပါဘူး။ ဒီကိစ္စကဖြစ်တယ်ဆိုရင်လည်း ကေအန်ယူရဲ့ ဒီကနေ့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဘက် လူပုဂ္ဂိုလ် အင်အားစုတွေက ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ပဲ မှတ်ယူပါတယ်။ ”

ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတာ့ ထရိတ်ဒါး ဟိုတယ်ဗုံးပေါက်ကွဲမှုအတွက် သံသယနဲ့ ဖမ်းဆီးထားသူဟာ စောမြင့်လွင် ခေါ် မောထဖြစ်ပြီး တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယနဲ့ ဖမ်းဆီးထားသူဟာ စောထွန်းထွန်း ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ဖမ်းဆီးထားသူတွေဟာ ဘယ်အဖွဲ့အစည်းကဆိုတာနဲ့ ဖမ်းဆီးစစ်ဆေးမှု အသေးစိတ် အချက်အလက်တွေကိုတော့ အစိုးရက မထုတ်ပြန်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013