DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်းများ တနိုင်ငံလုံးအထွေထွေအလုပ်ရပ် အာဏာဖီဆန်မှု စတင်
DVB
·
March 7, 2021
မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်းများ တနိုင်ငံလုံးအထွေထွေအလုပ်ရပ် အာဏာဖီဆန်မှု စတင်
Donate to DVB

 မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်း ၁၈ ခုက မတ်လ ၈ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေအလုပ်ရပ် အာဏာဖီဆန်မှု စတင်မယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို လက်မခံတဲ့အတွက် မြန်မာ့စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို ထိန်းချုပ်မရဘဲ ရပ်တန့်သွားဖို့ အကြမ်းမဖက် အာဏာဖီဆန်မှု စတင်တာဖြစ်ပြီး အစိုးရဝန်ထမ်းအပြင် ပုဂ္ဂလိကဝန်ထမ်းတွေနဲ့ အလုပ်သမားတွေပါ ပူးပေါင်းအလုပ်ရပ်ပေးဖို့ တောင်းဆိုထားပါတယ်။

အလုပ်သမားတွေ၊ ဝန်ထမ်းတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ သမဂ္ဂအဖွဲ့​တွေကို ဝင်ထားသည်ဖြစ်စေ၊ မဝင်ထားသည်ဖြစ်စေ ပူးပေါင်းပါဝင်ပေးလို့ ရတယ်လို့ ဆိုပါတယ်။

သူရဲကောင်းများ ဖန်တီးနေရုံသက်သက်နဲ့ မြန်မာ့ဒီမိုကရေစီရရှိရေးတိုက်ပွဲ အောင်မြင်နိုင်မှာမဟုတ်ဘဲ မြန်မာတစ်ပြည်လုံးက အလုပ်မဆင်း/အလုပ်ရပ် လှုပ်ရှားမှုဟာ ပြည်သူ့အောင်ပွဲအတွက် နည်းလမ်းဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

အလုပ်မဆင်း/အလုပ်ရပ်လှုပ်ရှားမှုက နောက်တစ်ကြိမ်​ကြေညာချက်မထုတ်မချင်းနဲ့ ဒီမိုကရေစီတိုက်ပွဲ မအောင်မချင်း လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံမဟာမိတ်အလုပ်သမားအဖွဲ့အစည်း ၁၈ ခုက ကတိပြုပြောဆိုထားပါတယ်။

CDM မှာ ပါဝင်တဲ့ အလုပ်သမား၊ လယ်သမား၊ အစိုးရဝန်ထမ်းအားလုံးနဲ့ ကျောင်းသား ပြည်သူ လူငယ်တွေနဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ နိုင်ငံရေးအရ ဦးဆောင်နေမှုကိုလည်း ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013