DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကဖမ်းဆီးပြီး သေဆုံးသွားသည့် NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်၏ ဈာပနကျင်းပ
DVB
·
March 7, 2021
စစ်တပ်ကဖမ်းဆီးပြီး သေဆုံးသွားသည့် NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်၏ ဈာပနကျင်းပ
1 / 4
Donate to DVB

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတဲ့ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်  ၇ ရပ်ကွက်  NLD ဥက္ကဋ္ဌ ဦးခင်မောင်လတ်ရဲ့  ကျန်ရှိရုပ်ကလာပ်ကို   ရေဝေး မူဆလင်သုသာန်မှာ မတ်လ ၇ ရက် ဒီကနေ့ညနေ အစ္စလာမ်ထုံးစံနဲ့အညီ ဂူသွင်းမြှုပ်နှံမှာ ဖြစ်ပါတယ်။

ဦးခင်မောင်လတ်ကို စစ်တပ်က မတ်လ ၆ ရက်  ည ၈ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ဦးခင်မောင်လတ် သေဆုံးသွားတဲ့အကြောင်း စစ်တပ်ဘက်ကနေ အကြောင်းကြားခဲ့တာပါ။

ဦးခင်မောင်လတ် သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ရပ်မိရပ်ဖတွေကလည်း ပြောဆိုသလို ဦးခင်မောင်လတ်ရဲ့ ကျောဘက်မှာ ညိုမည်းဒဏ်ရာတချို့ရှိတယ်လို့လည်း ဈာပနကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဦးခင်မောင်လတ် သေဆုံးမှုနဲ့ပတ်သက်ပြီး ရင်ခွဲစစ်ဆေးတာကိုလည်း မိသားစုတွေဆီက ခွင့်ပြုချက် မတောင်းခဲ့ဘူးလို့ ပြောပါတယ်။

မနေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ ရှိ  ဦးခင်မောင်လတ်ရဲ့ နေအိမ်အပါအဝင်   ပန်းဘဲတန်းမြို့နယ် NLD  EC တွေရဲ့ နေအိမ်တွေကို  စစ်တပ်နဲ့ရဲက ဝင်ရောက်ဖမ်းဆီးပြီး  အကြမ်းဖက် ရိုက်နှက် ဖျက်ဆီးတာတွေလည်း  ရှိခဲ့တယ်လို့ သိရပါတယ်။

ဦးခင်မောင်လတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့  ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူ ဖြစ်တဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း  ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013