DVB Logo
Home
မြန်မာသတင်း
ဗုံးကွဲမှုများကြောင့် ဖွဲ့စည်းပုံဆိုင်ရာ လူထုတွေ့ဆုံပွဲပေါ် မထိခိုက်
DVB
·
October 16, 2013
ဗုံးကွဲမှုများကြောင့် ဖွဲ့စည်းပုံဆိုင်ရာ လူထုတွေ့ဆုံပွဲပေါ် မထိခိုက်
Donate to DVB

လတ်တလော ဗုံးပေါက်ကွဲမှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုသဘောထားကောက်ယူမှုအပေါ် သက်ရောက်မှုမရှိဘဲ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဦးစီးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။

[caption id="attachment_44970" align="alignleft" width="300" caption="၁၂၊ ၁၀၊ ၂၀၁၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာအုပ်စု၊ မင်းမကျေးရွာတွင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပ"][/caption]အမျိုးသားဒီိကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီ ၀င် ရှေ့နေကြီး ဦးကိုနီက “အဲဒီဗုံးကိစ္စပေါ့လေ။ အဲဒီဟာက တခုပြီး တခုပေါ့၊ ဘာသာရေးကို အကြောင်းပြုပြီးတော့ ပြဿနာရှာတယ်။
သို့သော်လည်းပဲ ဘာသာရေးကို အကြောင်းပြုပြီး ပြဿနာရှာတော့ တက်မလာတော့ အခုတခါ ဗုံးခွဲတဲ့နည်းနဲ့ ပြဿနာ ရှာတယ်။ ကျနော်တို့ကတော့ ကျနော်တို့အလုပ်ကို ဆက်လုပ်မှာပဲ မနက်ဖြန်တော့ ကျနော်တို့ တောင်ငူမှာ ဟောဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က တောင်ငူခရိုင် ဖြူးမြို့မှာ ဟောပြောခဲ့ပြီး လူပေါင်း ၁ ထောင်ကျော်လောက် တက်ရောက်ဆန္ဒပြုကြတယ်လို့ ဆိုပါတယ်။ အများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးတဲ့နည်းနဲ့ ပြောင်းချင်ကြတယ်လို့ ဦးကိုနီက ပြောပါတယ်။

ဖြူးမြို့နဲ့ တောင်ငူမြို့နယ်တွေဟာ လက်ရှိ ဗုံးလန့်မှု၊ ပေါက်ကွဲမှုတွေရဲ့ အစပြုဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းအတွင်းက မြို့နယ် ၂ ခု ဖြစ်ပါတယ်။

ဟောပြောပွဲတွေကို ကရင်ပြည်နယ်၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တွေမှာ လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြနိုင်အောင် ဆက်လက် လုပ်ဆောင်နေတယ်လို့ ဦးကိုနီက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013