DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင် ကျောင်းသား ၄ ဦးကို ဘေးစီမံဖြင့် ထပ်မံတရားစွဲဆို
DVB
·
March 7, 2021
ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင် ကျောင်းသား ၄ ဦးကို ဘေးစီမံဖြင့် ထပ်မံတရားစွဲဆို
Donate to DVB

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား ၄ ဦးကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၂၉နဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

မတ် ၅ ရက်နေ့က ပထမအကြိမ်ရုံးထုတ်ရာမှာ ထပ်မံတရားစွဲခဲ့တာဖြစ်ပြီး ဘေးစီမံနဲ့ ထပ်တိုးတရားစွဲဆိုတာဟာ မဖြစ်သင့်သလို အပြစ်မရှိတဲ့အတွက် ရှေ့နေတွေနဲ့တိုင်ပင်ကာ အမှုရင်ဆိုင်သွားမယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်)ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောပါတယ်။

“သဘာဝဘေးစီမံ ပုဒ်မ-၂၉ ထပ်တိုးလာပါတယ်။ သူတို့ကတော့လေ၊ ဒီလိုအမှုထပ်တိုးလာတာဟာ မဖြစ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို တရားစွဲဆိုထားကလည်း ကြာနေပြီဖြစ်လို့လေ။ အဲဒီအပေါ်မှာ ထပ်ပြီးတော့ အမှုထပ်စွဲတာတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ ထင်တယ်။ ကျနော်တို့ကတော့ ဒီအပေါ်မှာ အပြစ်မရှိတဲ့အတွက် ကျနော်တို့ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ ဒီအပေါ်မှာ ပြန်လည်ချေပသွားမှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လူအခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး စစ်တပ်ဆန့်ကျင်ရေးတွေကို စစ်တွေမြို့တွင်း လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်း (ဒဂုံတက္ကသိုလ်၊ ရန်ကုန်မြို့) နဲ့  ကိုမြတ်စိုးဝင်း (တွဲဖက်အတွင်းရေးမှူး၊ကျောက်ဖြူပညာရေးကော်လိပ်) တို့ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၄ ဦးထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်ပါ ၂ ဦးနဲ့ ကိုတိုးတိုးအောင်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ အလားတူ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉နဲ့ တရားစွဲဆိုခံထားရကာ အမှုရင်ဆိုင်နေရပါတယ်။

ကိုကျော်နိုင်ဌေး အပါအဝင် ၄ ဦးကို စစ်တွေအကျဉ်းထောင်အတွင်း ထိန်းသိမ်းထားပြီးနောက် ၅ လအကြာမှာ ပထမအကြိမ်ရုံးချိန်းစစ်ဆေးခဲ့ပြီးနောက် မတ် ၁၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013