DVB Logo
Home
အာရှဒေသ
အစ္စလာမ်မစ်ဘဏ်လုပ်ငန်း ကောလာဟလကြောင့် ပါကစ္စတန်တွင် ရုတ်ရုတ်သဲသဲဖြစ်
DVB
·
October 16, 2013
အစ္စလာမ်မစ်ဘဏ်လုပ်ငန်း ကောလာဟလကြောင့် ပါကစ္စတန်တွင် ရုတ်ရုတ်သဲသဲဖြစ်
Donate to DVB

ပါကစ္စတန်က အစ္စလာမ်မစ် ရင်းနှီးမြှုပ်နှံမှုနဲ့ လိမ်လည်မှုလို့ ပြောနေတဲ့ လိမ်လည်မှုက ကျေးလက်ဒေသက အလုပ်သမားလူတန်းစားတွေဆီကနေ ဒေါ်လာသန်းပေါင်းများစွာကို ခိုးဝှက် ယူဆောင်သွားခဲ့ပါတယ်။

[caption id="attachment_44950" align="alignright" width="300" caption="အာရှတ်ခန်"][/caption]

မူဒါရာဘာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းက  ဥပဒေမဲ့မှု၊ ကင်းစင်တဲ့ မြင့်မားတဲ့ အတိုးနှုန်းတွေ ပေး
မယ်ဆိုတဲ့ ကတိစကားနဲ့ ပြည်သူလူထု ၁ ထောင်ဝန်းကျင်လောက် ဆီက ငွေတွေကို ယူသွားခဲ့ပါတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပြည်တွင်းဟင်းခတ် အမွှေးအကြိုင် ရောင်းဝယ် ဖောက်ကားသူ
အာရှတ်ခန်က သူက သူကားကို ရောင်းပစ်လိုက်ပြီး သူစုဆောင်းတာတွေ အားလုံးကို မူဒါရာဘာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ပြောပါတယ်။

သူ့ကို သူရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ  ဥပဒေမဲ့မှု ကင်းစင်တဲ့ အကျိုးအမြတ် ၁၅ ရာခိုင်နှုန်း ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒါဟာ သမားရိုးကျ ဘဏ်တိုးထက် ၅ ရာခိုင်နှုန်း ပိုများပါတယ်။

“ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု လုပ်လိုက်တဲ့သူတွေဟာ ကျနော်တို့ သိပ်ယုံကြည်မှု ထားခဲ့တဲ့ ဘာသာရေးပိုင်းက  အထင်ကရ လူတွေပါ။” တခြားလူ ၁၀၀၀ ကျော်လည်း ဒီအဖြစ်မျိုးကို ကြုံတွေ့နေရတာပါ။

အထင်ကရ စက်ချုပ်သမား အစ်ရှရတ်ဟူစိန်ကတော့ သူ့ရဲ့မိန်းမရဲ့ လက်ဝတ်ရတနာတွေ အားလုံးကို ရောင်းပြီး လုပ်ခဲ့တာပါ။ သူ့မှာ ၂ နှစ်အရွယ် သမီးငယ်တယောက်ရှိပြီး သူမိန်းမက နောက် ကလေးတယောက်ကိုယ်ဝန်ဆောင်ထားပါပြီ။

အစ်ရှရတ်ဟူစိန်က “ကျနော်က ကျနော်မိတ်ဆွေ တယောက်ဆီက ဒေါ်လာ ၁၀၀၀ လည်း ချေးထားခဲ့တယ်ဗျ။ အခုတော့ သူက ကျနော်ကို နေ့တိုင်း သူ ပိုက်ဆံ ပြန်တောင်းနေပြီလေ။ ကျနော် သူ့ကို ဘယ်လို ပြန်ပေးရမလဲ” လို့ ပြောပါတယ်။

ဒီ ငွေကြေး မသမာမှုဟာ ဒီနှစ် စက်တင်ဘာလမှာ ပြိုကွဲသွားတဲ့အချိန်အထိ ၁ နှစ်တာ လောက် ကြာခဲ့ပါတယ်။ မန်နေဂျာတွေက နိုင်ငံရပ်ခြားက အမြတ်အစွန်း ဒေါ်လာ သန်းနဲ့ချီပြီး ရယူခဲ့မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။

ကရာချိရဲတွေက ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လူ ၄ ယောက်ကို ဖမ်းဆီးထားခဲ့ပြီလို့ ရဲကြီးကြပ်ရေးမှူး ရှာဖစ်တာနိုလီက ပြောပါတယ်။

“သူတို့အပေါ် တရားဝင် စုံစမ်းစစ်ဆေးမှု ၁၁ ခု လုပ်ထားပြီး မြို့တော်ရဲ့ တခြားပုလိပ်ဌာန တွေမှာလည်း သူတို့ကို တရားစွဲ ဆိုထားတာတွေ အများကြီး ရှိတယ်ဗျ။ အဓိက တရားစွဲ ခံရသူတွေက တချို့က သူတို့ရဲ့ကားတွေ၊ စက်တပ် လန်ခြားတွေနဲ့ လက်ဝတ်ရတနာတွေကို ရောင်းချပြီး ပါဝင်ခဲ့တဲ့ ‘မော်လ၀ီ’ လို့ ခေါ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေပါပဲဗျာ။”

ဒီ ငွေကြေးမသမာမှုဟာ ဂျမီးယားဘီနိုရီးယားလို့ခေါ်တဲ့ ထင်ရှားတဲ့ ဘာသာရေး တက္ကသိုလ်နဲ့ ဆက်စပ်နေတယ်လို့ ပြောနေကြပါတယ်။

ဒါပေမယ့် ဘီနိုရီးယားတက္ကသိုလ်များ ဥက္ကဋ္ဌ မတ်ဖတီနာအင်းမ်ကတော့  ပါဝင်ပတ်သက် မှု တစုံတရာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

“တကယ်လို့ တယောက်ယောက်က ကျနော်နဲ့ ဒါမှမဟုတ် ကျနော်တို့ ကျောင်းက တယောက်ယောက်နဲ့ ငွေတွေကို ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တယ်လို့ သက်သေပြနိုင်မယ်ဆိုရင်တော့  ဒီ အရှုပ်အထွေးကိစ္စကို ကျနော် အားလုံး တာဝန်ယူသွားမှာပါ။ တချို့သတင်းစာတွေက ဘီနိုရီးယားက လုပ်ခဲ့တာလို့ စွပ်စွဲခဲ့တာတွေက လုံးဝ အမှားတွေပါဗျာ။”

ပါကစ္စတန် အစ္စလာမ်မစ်ဘဏ်လုပ်ငန်းဟာ သတိပြုမိလောက်စရာ တိုးတက်လာမှု ရှိတယ်လို့ ပြောတဲ့သူတွေ ရှိပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အဲဒီလို ပေါ်လွင်ထင်ရှားတဲ့ ကောလာဟလတွေက လုပ်ငန်းဆောင်ရွက်မှုကို နှေးကွေးသွားစေတယ်လို့ ပြောကြပါတယ်။

အစ္စလာမ်မစ် ဘဏ်လုပ်ငန်းက ကျွမ်းကျင်သူ နာဒင်းမ်ဘိုင်က “ကမ္ဘာတ၀ှမ်း အစ္စလာမ်မစ်ဘဏ္ဍာရေး တိုးတက်မြင့်မားလာမှုက ၁၇ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် ဒီမှာကတော့ မနှစ်က ကြည့်မယ်ဆိုရင် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း ကျဆင်းနေတာကို တွေ့ရမှာပါ။ ဆိုလိုတာက အစ္စလာမ်မစ်က ထုတ်လုပ်ပေးနေတာတွေအပေါ် မူဒါရာဘာကြောင့် ဖောက်သည်တွေရဲ့ ယုံကြည်မှုက ကျဆင်းနေတယ်ဆိုတာ ပြနေပါတယ်။”

ဒါပေမယ့် အာရှတ်ခန်အတွက်ကတော့  ဒါဟာ ပြင်းထန်တဲ့ သင်ခန်းစာပါပဲ။ သူက သူ စုဆောင်းထားတဲ့ ငွေကြေး ဒေါ်လာ ၁၅၀၀၀ လုံးကို ဆုံးရှုံးသွားခဲ့တာပါ။

“လူတိုင်းက ပြန်ပြီး ရင်းစားရဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းနေပါတယ်။ ဒီ အကျပ်အတည်းကို အစိုးရက ဖြေရှင်းပေးဖို့ကတော့ ကျနော်တို့ အယုံအကြည် မရှိပါဘူး။”

ရှာဒီခန်ဆိုင်အိဖ်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန်နိုင်ငံ ကရာချိမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013