အပစ်အခတ် ရပ်စဲထားပေမဲ့ လိုအပ်လာရင် အီရန်နဲ့ တိုက်ပွဲ အချိန်မရွေး ပြန်စဖို့ အစ္စရေးဘက်က အသင့်ရှိပြီး “ခလုတ်ပေါ် လက်တင်ထားဆဲ” ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဧပြီ ၈ ရက်က ရုပ်သံမိန့်ခွန်းမှာ သတိပေးပြောလိုက်ပါတယ်။
ပြီးပြည့်စုံတဲ့ ရည်မှန်းချက်တွေရဖို့ ကျန်နေသေးပြီး ဒါတွေကို သဘောတူညီချက်နဲ့ဖြစ်စေ တိုက်ပွဲပြန်စလို့ဖြစ်စေ ရယူသွားမယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
အစ္စရေးရဲ့ ပင်မရည်မှန်းချက်ဖြစ်တဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာ အီရန်ရဲ့ လက်နက်သိုလှောင်ထားမှုတွေဟာ တဖြည်းဖြည်း လျော့နည်းလာနေပြီလို့လည်း သူက ဆိုပါတယ်။
အခုစစ်ဆင်ရေးဟာ အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံးဖြစ်ပြီး အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း နေတန်ယာဟုက ချီးကျူးခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် ယာအီရာ လာပိဒ် ကတော့ ဒီအပစ်ရပ်စဲမှုဟာ အစ္စရေးအတွက် သံတမန်ရေးရာ ကပ်ဘေးတခုလို့ ဝေဖန်ပါတယ်။
အမေရိကန်ရဲ့ နှစ်ပတ်ကြာ အပစ်ရပ်စဲရေးကို အစ္စရေးက ထောက်ခံပေမဲ့ လက်ဘနွန် မပါဝင်ဘူးလို့ အစ္စရေးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Source: Reuters











