DVB Logo
Home
မြန်မာသတင်း
အင်းစိန် ပေါက်တောဝ ဘုရင့်နောင်လမ်းပိတ်ဆို့၊ သပိတ်ဖြိုခွင်းရန် စစ်တပ်နှင့်ရဲ စတင်ဝင်ရောက်
DVB
·
March 5, 2021
အင်းစိန် ပေါက်တောဝ ဘုရင့်နောင်လမ်းပိတ်ဆို့၊ သပိတ်ဖြိုခွင်းရန် စစ်တပ်နှင့်ရဲ စတင်ဝင်ရောက်
1 / 32
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး အင်းစိန်ပေါက်တောဝသပိတ်ကို ဖြိုခွင်းဖို့ အင်းစိန်ရွာမဘက်ကနေ စစ်တပ်နဲ့ရဲတွေ အင်အားအလုံးအရင်းနဲ့ ဒီနေ့ မနက် ၁၀ နာရီက စတင်ဝင်ရောက်နေပါတယ်။

ဒီနေ့မနက် သပိတ်မှာပါဝင်သူ ပြည်သူ ထောင်နဲ့ချီ ရှိနေပါတယ်။

အင်းစိန်၊ ပေါက်တောဝ-ဘုရင့်နောင်လမ်းပေါ်မှာ မတ်လ ၄ ရက်နေ့ကစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပိတ်သပိတ်ကို ဆင်နွှဲခဲ့တာပါ။

မတ် ၅ ရက်နေ့မှာ မြို့နယ်နေပြည်သူတွေက သပိတ်ပြန်လည်စတင်ဖို့ မနက်အစောပိုင်းကတည်းက ပြင်ဆင်ခဲ့ကြပါတယ်။

မတ်လ ၄ ရက်နေ့ အင်းစိန်သပိတ်မှာပါဝင်သူ သောင်းနဲ့ချီရှိခဲ့ပြီး ပေါက်တောဝ သပိတ်မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးခွဲလို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတ် ၃ ရက်နေ့က အင်းစိန်သပိတ်မှာပါဝင်တဲ့ ပြည်သူ ၃၇ ဦးအဖမ်းခံထားရကာ ပြင်းထန်ဒဏ်ရာရသူ ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013