DVB Logo
Home
မြန်မာသတင်း
စည်းကြပ်အခွန်များကို ၂၀၂၁ စက်တင်ဘာ ၃၀ ရက်အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့
DVB
·
March 5, 2021
စည်းကြပ်အခွန်များကို ၂၀၂၁ စက်တင်ဘာ ၃၀ ရက်အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့
Donate to DVB

စည်းကြပ်ကောက်ခံနေတဲ့  အခွန်အကောက်တွေကို  ၂၀၂၁ စက်တင်ဘာ ၃၀ ရက်အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားဖို့    CRPH      နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အနေနဲ့ ၂၀၂၀ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို  ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့ ရက်စွဲနဲ့ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်နောက် ခုလိုထုတ်ပြန်လိုက်တာပါ။

အဆိုပါ ဥပဒေအရ အခွန်အမျိုးအစားအလိုက် စည်းကြပ်ကောက်ခံပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရှိ ဦးစီးဌာန အကြီးအကဲတွေနဲ့  တာဝန်ရှိ ဝန်ထမ်းတွေ အနေနဲ့ မိမိတို့ ဌာနအလိုက် တာဝန်ယူ စည်းကြပ်ကောက်ခံနေတဲ့  အခွန်အကောက်တွေကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမှာဖြစ်ပါတယ်။

အဆိုပါ ဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့  မည်သည့်ဝန်ထမ်းကိုမဆို တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013