DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အမြင်သဘောထား
DVB
·
October 15, 2013
နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အမြင်သဘောထား
1 / 2
Donate to DVB

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မစတင်မီ သတင်းထောက်တွေက မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် အမေကတော့ ယုံကြည်တယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်။ ဒါတွေက တမင် လှုပ်လှုပ်ရှားရှားဖြစ်အောင် ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲ မ၀င်သွားဖို့ လိုတယ်။ စိတ်လှုပ်ရှားအောင်၊ တမင်လန့်အောင် ဖျပ်အောင် လုပ်နေတာဆိုတော့ ထောင်ချောက်ထဲမ၀င်သွားအောင် လုပ်ဖို့လိုတယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ ရပါတယ်။”

ဦးဌေးဦး
“ပေါက်ကွဲမှုဖြစ်တယ်ဆိုတဲ့ကိစ္စက မဖြစ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ ဘယ်သူတွေ လုပ်နေတာလည်းဆိုတာကို တာဝန်ရှိတဲ့သူတွေ စုံစမ်းစစ်ဆေးပါလိမ့်မယ်။ ဒါမဖြစ်သင့်ပါဘူး။ စနစ်ပြောင်းလဲရေးအတွက်လည်း အထောက်အကူမဖြစ်ဘူးလို့ မြင်ပါတယ်။ ဒီဘက်မှာလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးဆိုတာနဲ့လည်း မပတ်သက်ဘူးလို့ မြင်တယ်။ ဘယ်လို ရည်ရွယ်ချက်လည်းဆိုတာ လုပ်တဲ့သူတွေပဲ သိလိမ့်မယ်။ ကျနော်တို့ ဘက်က ဒါမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ”

ဦးရဲထွဋ်
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ မထိခိုက်ပါဘူး။ နှစ်ဖက်လုံးက ငြိမ်းချမ်းရေးရအောင် တည်ဆောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် သမ္မတကြီး မျှော်မှန်းထားသလို နိုဝင်ဘာလအတွင်းမှာ သဘောတူညီချက်တခုလောက် လက်မှတ်ထိုးနိုင်မယ်လို့ မျှော်မှန်းပြီး ဆောင်ရွက်တာပါ။ သီးခြားစီ ဘာမှ ထိခိုက်စရာမရှိပါဘူး။ ကျနော်တို့ တခု နှောင့်နှေးသွားရင်လည်း အဲလိုမျိုးလုပ်နေတဲ့ လူတွေအတွက် ရည်ရွယ်ချက်အောင်မြင်သွားမှာပေါ့။ အဲလိုမျိုးတော့ ကျနော်တို့ အဖြစ်မခံနိုင်ပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013