DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး GZ မျိုးဆက်သစ်များသို့ ဒေါက်တာဆာဆာ့ထံမှ စာတစ်စောင်
DVB
·
March 4, 2021
နွေဦးတော်လှန်ရေး GZ မျိုးဆက်သစ်များသို့ ဒေါက်တာဆာဆာ့ထံမှ စာတစ်စောင်
Donate to DVB

လတ်တလော မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါ ဝင်လှုပ်ရှားနေကြတဲ့ GenerationZ ဂျန်ဇီ-မျိုးဆက်သစ်တွေအတွက် ဒေါက်တာဆာဆာက စာတစောင် ထုတ်ပြန်ထားပါတယ်။

“ချစ်ရတဲ့ မြန်မာ့သူရဲကောင်းတွေနဲ့ ရဲဘော်ရဲဘက်တို့ခင်ဗျား။ ကျနော် ခင်ဗျားတို့ ဆီက စာတွေ၊ အစီရင်ခံစာတွေကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။ ဒါတွေကို ကမ္ဘာအနှံ့ ခေါင်းဆောင်တွေဆီ ပို့ဆောင်ပေးနိုင်ဖို့က ကျနော့်တာဝန်ပါ။ ကျနော်က ခင်ဗျားတို့ရဲ့ အသံပါ၊ ကျနော်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ခင်ဗျားတို့ကိုယ်စား ဆောင်ရွက်ပေးသွားမှာပါ၊ အဆုံးထိ ခင်ဗျားတို့နဲ့အတူ ရှိနေမယ်လို့လည်း ကျနော်ကတိပေးပါတယ်”

ကာလရှည်ကြာ ရင်ဆိုင်တိုက်ပွဲဝင်နေကြသူတွေနဲ့အတူ လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်လည်း အသက်ပေးပါဝင်မှာဖြစ်ပြီး အကြမ်းဖက်အုပ်စုတွေအတွက် သူတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေအတိုင်း ပြစ်ဒဏ်ကလွတ်စေမှာမဟုတ်ပဲ တရားဥပဒေအတိုင်း ခံစားရ စေမယ်လို့လည်း သူက ပြောထားပါတယ်။

ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက်တာ ဆာဆာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က ခန့်အပ်တာဝန်ပေးထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အထူးသံတမန်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကော်မတီကိုယ်စား ဆောင်ရွက်နေတာဖြစ်ပါ တယ်။

ဒေါက်တာ ဆာဆာဟာ ထင်ရှားတဲ့ ချင်းတိုင်းရင်းသား ပရဟိတ ခေါင်းဆောင် တ ဦးဖြစ်ပြီး ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ချင်း ပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ Health and Hope သင်ကြားရေးစင်တာကိုလည်း တည်ထောင်ထားပြီး ချင်းပြည်နယ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် အား သွန်ခွန်စိုက်ကြိုးပမ်းနေသူ ချင်းလူမျိုးတဦးအဖြစ်လည်း ထင်ရှားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013