DVB Logo
Home
မြန်မာသတင်း
Traders ဟိုတယ်နှင့် စစ်ကိုင်းတွင် ဗုံးကွဲမှုများ ဖြစ်ပွား
DVB
·
October 15, 2013
Traders ဟိုတယ်နှင့် စစ်ကိုင်းတွင် ဗုံးကွဲမှုများ ဖြစ်ပွား
Donate to DVB

ရန်ကုန်မြို့နဲ့ စစ်ကိုင်းမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မနေ့ည ၁၁ ခွဲဝန်းကျင်က ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဟိုတယ် ၀န်ထမ်းတဦးက ပြောပါတယ်။

ဟိုတယ်ရဲ့ ၉ လွှာ အခန်းနံပါတ် ၃၂၁ မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ည ၁၂ နာရီ ၂၀ လောက်မှာ အဲဒီိအထပ်ကနေ မှန်တွေ ကွဲကျလာတယ်လို့ လုံခြုံရေးဝန်ထမ်းတဦးက ဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၃ နာရီခွဲကလည်း စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတလုံးပေါက်ကွဲခဲ့သလို စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် ကားပါကင်မှာ ၅ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲခဲ့တယ်လို့ စစ်ကိုင်းခရိုင် ရဲအုပ်တဦးက ပြောပါတယ်။

“ချိန်ကိုက်ဗုံးလို့ အကြမ်းဖျင်း သိရပါတယ်။ ကျနော်တို့ စစ်ဆေးနေတုန်းပါပဲ။ လူတွေဘာတွေတော့ ထိခိုက်မှု ဘာမှမရှိပါဘူး။ တန်ဖိုးကြီး ပစ္စည်းတွေလည်း ပျက်စီးတာ ဘာမှ မရှိပါဘူး။”

စစ်ကိုင်းမြို့မှာလည်း ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ပြောပါတယ်။

“လုံခြုံရေးက ကျနော်တို့နဲ့ ရပ်မိရပ်ဖတွေ အားလုံး ဆောင်ရွက်နေပါတယ်။ လုံခြုံရေးလည်း တိုးမြှင့်ချထားတယ်။”

မနေ့ညနေ ညနေ ၂ နာရီကျော်ကလည်း မန္တလေးမြို့ လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့်မှာ ဗုံးတလုံးကို တွေ့ရှိခဲ့ပြီး စနစ်တံဖြုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မရနိုင်တဲ့အတွက် တာဝန်ရှိသူတွေက ဖောက်ခွဲလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီ ခွဲ ၀န်းကျင်လောက်ကလည်း မန္တလေးမြို့ ၂၉ လမ်းနှင့် ၃၀ လမ်းကြား ၆၂ လမ်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဝေပုလ္လာရာမကျောင်း မတ္တရာတိုက်အပေါက်ဝမှာ ကလေးကျောပိုးအိတ် အပြာရောင်တလုံး မသင်္ကာဖွယ် တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ တရက်တည်းမှာတင် ရန်ကုန် အလုံမြို့နယ်က western park စားသောက်ဆိုင်မှာလည်း မနက် ၁၀ နာရီလောက်က ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။

သာကေတမြို့နယ် ၃ မာန်ပြေရပ်ကွက် မာန်ပြေလမ်းနဲ့ မြင်တော်သာလမ်းအကြား၊ ယမုံနာမြို့ပတ်လမ်းမကြီးပေါ် အခွန်လွတ်ဈေးရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက အသေးစားပေါက်ကွဲမှုတခု ဖြစ်ပြီး ကလေးငယ် ၂ ဦး ဒဏ်ရာအနည်းငယ် ရသွားပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲမှု ၁ ခု ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကတော့ ပြည်သူတွေ ဗုံးနဲ့ပတ်သက်လို့ မသင်္ကာဖွယ်တွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ အသိပေး နှိုးဆော်ထားပါတယ်။  ရန်ကုန်မြို့တွင် လုံခြုံရေးကို ရက်အကန့်အသတ်မရှိ တိုးမြှင့်လိုက်ပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Trader Hotel Bomb in YGN 15102013/]

ထရိတ်ဒါး ဟော်တင် ဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013