DVB Logo
Home
မြန်မာသတင်း
မြို့ကြီးအချို့တွင် ဗုံးကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပေါ်
DVB
·
October 14, 2013
မြို့ကြီးအချို့တွင် ဗုံးကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပေါ်
Donate to DVB

မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးနဲ့ တောင်ငူမြို့တွေမှာ ဗုံးကွဲမှုတွေနဲ့ ဗုံးလို့ ယူဆရတဲ့ မသင်္ကာဖွယ် ပစ္စည်း တွေ့ရှိမှု ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

မန္တလေးမြို့ လမ်း ၈၀ နဲ့ ၁၆ လမ်းထောင့်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၂ နာရီကျော်က ဗုံးတလုံးကို တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေ စနစ်တံဖြုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မရနိုင်တော့တာကြောင့် ၃ နာရီလောက်မှာ ဖောက်ခွဲရှင်းလင်းလိုက်ကြတယ်လို့ မန္တတိုင်း ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

ဗုံးဟာ ဓာတ်ခဲ ၃ ခဲနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး တလုံး ဖြစ်ပြီး ဗုံးရှင်းလင်းရေးတပ်က တာဝန်ရှိသူတွေ လာရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ညနေ ၄ နာရီ ခွဲ ၀န်းကျင်လောက်ကလည်း မန္တလေးမြို့ ၂၉ လမ်းနှင့် ၃၀ လမ်းကြား ၆၂ လမ်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဝေပုလ္လာရာမကျောင်း မတ္တရာတိုက်အပေါက်ဝမှာ ကလေးကျောပိုးအိတ် အပြာရောင်တလုံး မသင်္ကာဖွယ် တွေ့ရှိခဲ့တဲ့အတွက် တိုင်းရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူကာ အဲဒီ အထုတ်ကို ကာရံထားတယ်လို့လည်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ တရက်တည်းမှာတင် ရန်ကုန် အလုံမြို့နယ်က western park စားသောက်ဆိုင်မှာလည်း မနက် ၁၀ နာရီလောက်က ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။

သာကေတမြို့နယ် ၃ မာန်ပြေရပ်ကွက် မာန်ပြေလမ်းနဲ့ မြင်တော်သာလမ်းအကြား၊ ယမုံနာမြို့ပတ်လမ်းမကြီးပေါ် အခွန်လွတ်ဈေးရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက အသေးစားပေါက်ကွဲမှုတခု ဖြစ်ပြီး ကလေးငယ် ၂ ဦး ဒဏ်ရာအနည်းငယ် ရသွားပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲမှု ၁ ခု ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ တွေ့ရှိတဲ့ သတင်းတွေကြောင့် ပြည်သူတွေအနေနဲ့လည်း စိုးရိမ်စိတ်တွေ ဖြစ်နေရပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကတော့ ပြည်သူတွေ ဗုံးနဲ့ပတ်သက်လို့ မသင်္ကာဖွယ်တွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ အသိပေး နိုးဆော်ထားပါတယ်။  ရန်ကုန်မြို့မှာလည်း လုံခြုံရေးကို ရက်အကန့်အသတ်မရှိ တိုးမြှင့်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013