DVB Logo
Home
မြန်မာသတင်း
သံတွဲပဋိပက္ခ ပြည်နယ်အစိုးရ ပေါ့ပေါ့တန်တန် ကိုင်တွယ်မှုကြောင့်ဖြစ်ဟုဆို
DVB
·
October 14, 2013
သံတွဲပဋိပက္ခ ပြည်နယ်အစိုးရ ပေါ့ပေါ့တန်တန် ကိုင်တွယ်မှုကြောင့်ဖြစ်ဟုဆို
Donate to DVB

လတ်တလောဖြစ်ပွားခဲ့တဲ့ သံတွဲပဋိပက္ခဟာ ပြည်နယ်အစိုးရက ပေါ့ပေါ့တန်တန် ကိုင်တွယ်မှုကြောင့် ဖြစ်ပွားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဒီဗွီဘီကိုပြောပါတယ်။

“ပါးစပ်ကချည်း ပြောနေလို့ မရဘူး။ သတင်းစာမှာချည်း ဖော်ပြနေလို့ မရဘူး။ ရေဒီယိုမှာချည်း ပြောနေလို့ မရဘူး။ ကိုယ်တိုင် လုပ်ရမယ်။ ကိုယ့်တပည့်တွေကိုလည်း တိတိကျကျ ညွှန်ကြားရမယ်။ အောက်ကလုပ်တဲ့လူ အဆင့်ဆင့် အမိန့်ပေးရမယ်။ မလုပ်ရင် ချက်ချင်း အရေးယူရမယ်။ အခုက ၀န်ထမ်းတွေကို အရေးယူတာ သိပ်အားနည်းတယ်။ အဲလိုမျိုးဖြစ်တာ။ ဥပဒေတွေက ရှိပြီးသား။ အဲဒီဥပဒေအရ မလုပ်တဲ့သူတွေကို ချက်ချင်း အရေးယူရမယ်။ ၀န်ကြီး ငါ့စကားနားမထောင်ဘူးဆိုရင် အရေးယူပြ။ ဟိုရွှေ့ဒီရွှေလုပ်တော့ ငါတို့စားလို့ရတယ်၊ လုပ်လို့ရတယ်၊ ဒီငါးနှစ်မှာ ငါတို့ အကုန်လုံး အိတ်ထဲ ထည့်မယ်။ ပိုက်ဆံပေးတဲ့သူကို မျက်နှာလိုက်မယ်၊ မပေးတဲ့ဒေသခံကို နှိပ်ကွပ်မယ်။ အဲဒါမျိုးနဲ့ သွားလို့ကတော့ ဒုက္ခရောက်မယ်။ ပြဿနာ ထပ်ဖြစ်မယ်။”
ဥပဒေအရအပ်နှင်းထားတဲ့ တာဝန်ကို ၀န်ထမ်းတွေက ပေါ့လျော့ရင် အဲဒီဝန်ထမ်းကို ထိထိရောက်ရောက် အရေးယူမှသာ ပဋိပက္ခတွေ လျော့နည်းပပျောက်စေမယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တရားဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖုန်းလိုင်းမကောင်းလို့ ခရိုင်ရဲတပ်ဖွဲ့ရဲမှူး ဦးကျာ်တင့်ကို မေးမြန်းတဲ့အခါ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့ ထင်မြင်ချက်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်ပွားနေတာဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုကပါ ထိထိရောက်ရောက်ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ဒီပြဿနာဖြစ်တယ်ဆိုတာ တရားဥပဒေ မစိုးမိုးလို့ပဲ။ တရားဥပဒေ မစိုးမိုးရင် ဒီလို ပဋိပကတွေ ဖြစ်မှာပဲ။ တရားဥပဒေ စိုးမိုးဖို့က အုပ်ချုပ်တဲ့ အစိုးရမှာ တာဝန်ရှိတယ်။ အုပ်ချုပ်ခံတဲ့ ပြည်သူမှာလည်း တာဝန်ရှိတယ်။ အစိုးရနဲ့ ပြည်သူ ပူးပေါင်းဖြေရှင်းရင် ဒီပြဿနာက တည်ငြိမ်သွားလိမ့်မယ်လို့ ကျနော် ယုံကြည့်တယ်။”

၂၀၁၂ ဇွန်လက ရခိုင်ပြည်နယ်မှာ ရာဇ၀တ်မှုတခုကနေ အစပြုလို့ ဘာသာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခတွေဖြစ်ပွားပြီး အကြမ်းဖက်မီးရှို့မှုတွေကြောင့် လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ အိမ်ထောင်ချီ မီးလောင်ကျွမ်းခဲ့ရပြီး လူပေါင်း တသိန်းခွဲနီးပါး ဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။

အလားတူပဲ ဖြစ်ရပ်မျိုးတွေဟာ ကျန်တိုင်းနဲ့ ပြည်နယ်တချို့ကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပြီး ဒီလဆန်းပိုင်းက ရခိုင်ပြည်နယ်သံတွဲမှာ မီးရှို့အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013