DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် မြန်မာ့ရိုးရာမုန့်များ ပြန်ဖော်ထုတ်ရေးအစီအစဉ် စတင်
DVB
·
October 14, 2013
Donate to DVB

တောင်တွင်းကြီးမြို့မှာ ဓာတုဆိုးဆေးပါဝင်တဲ့ နိုင်ငံခြားဖြစ် မုန့်တွေကို စတင်တိုက်ဖျက်ရေးနဲ့၊ မြန်မာ့ရိုးရားရာ မုန့်တွေ ပြန်လည်ဖော်ထုတ်ရေးအစီအစဉ်အဖြစ် စတင်လှုပ်ရှားနေပါတယ်။

ဒီအစီအစဉ် စတင်လှုပ်ရှားရတဲ့ ရည်ရွယ်ချက်ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ဆွေက “အဓိကကတော့ လူငယ်ကလေးတွေ လက်ရှိ သူတို့ စားသောက်နေတဲ့ အစားအသောက်တွေဟာ နိုင်ငံခြားဖြစ်မုန့်တွေကို စားသောက်နေတာ များတယ်။ ကျနော်တို့ မြန်မာရိုးရာမုန့်တွေဟာ တဖြည်းဖြည်းနဲ့ တိမ်မြုပ်ကွယ်ပျောက်တာ နှစ်ပေါင်းကြာပြီ။ အဲဒီ နိုင်ငံခြားဖြစ်မုန့်တွေမှာ အာဟာရဓာတ်တွေ မပါတဲ့အပြင် ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုဆိုးဆေးနဲ့ တခြားအန္တရာယ် ဖြစ်စေနိုင်တဲ့ အဆိပ်ဓာတ်တွေ ပါဝင်နေတာကို တွေ့ရှိ၊ တွေ့မြင်နေလာတဲ့အခါကျတော့ ဒီဟာတွေကို တားဆီးကာကွယ်နိုင်ဖို့အတွက်ကို ကျနော်တို့ မြန်မာရိုးရာမုန့်တွေကို ပြန်လည် ဖော်ထုတ်မှ ဖြစ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။

တောင်တွင်းကြီးမြို့မှာ ပထမဆုံးလှုပ်ရှားမှုအဖြစ်  ကျောင်းသား ၆၀၀ ကျော်ကို ကျောင်းပိတ်ရက်တိုင်း ယဉ်ကျေးမင်္ဂလာသင်တန်းပေးနေတဲ့ တနင်္ဂနွေကျောင်းကို ရွေးချယ် ထားတယ်လို့ ပြောပါတယ်။

အဲဒီကျောင်းက ကျောင်းသားနဲ့ ကျောင်းသူတွေကို  မြန်မာရိုးရာမုန့်တွေကို စားသုံးကြဖို့နဲ့ နိုင်ငံခြားမုန့်တွေကို ဘာကြောင့် မစားသုံးသင့်ကြောင်း ဟောပြောခဲ့တယ်လို့ ဒေါက်တာ ကျော်ဆွေက ပြောပါတယ်။

“၁ ပတ်ကိုတခါ အလှူရှင်တွေ ဖော်ထုတ်ပါတယ်။ အလှူရှင်တွေ ဖော်ထုတ်ပြီး မြန်မာရိုးရာမုန့်တွေ ဒီကလေးတွေကို ကျွေးပါတယ်။ တမျိုးပြီး တမျိုး မထပ်အောင် စီစဉ်ပြီး ကျွေးပါတယ်။ ကျွေးတဲ့အခါမှာ တဖက်မှာ မြန်မာရိုးရာမုန့်တွေကို အန္တရာယ် ကင်းရှင်းအောင် ကျနော်တို့က ၁ ရက် ကြိုတင်သွားပြီး မုန့်လုပ်တဲ့ဆီကို သွားပြီး လေ့လာပါတယ်။ ပါဝင်ပစ္စည်းတွေ ထုတ်လုပ်မှုမှာ သန့်သန့်ရှင်းရှင်းလေး ဖြစ်အောင် တိုင်ပင်ပါတယ်၊ ဆွေးနွေးပါတယ်။ ဒါက ပထမဆင့်ပါ။ ပြီးတော့ ကျွေးမွေးတဲ့အခါမှာ ကလေး ၆၀၀ ကျော်လုံး ကလေးတွေ လက်မဆေးရအောင် သန့်ရှင်းထားတဲ့ အိုးခွက်ပန်းကန်၊ ဇွန်းနဲ့ ကျနော်တို့က ကျွေးမွေးပေးပါတယ်။”

ရိုးရာမုန့်တွေ ပြန်လည်ဖော်ထုတ်ရေးအဖွဲ့ကို တောင်တွင်းကြီးမြို့ စွယ်တော်စဉ်ကျောင်းက ဦးသာသနက ဥက္ကဋ္ဌ၊ အောင်မြေဘုံကျောင်းက  ဦးအဂ္ဂက အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီး သံဃာတော် ၆ ပါးနဲ့ ဦးဆောင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုဆိုရင် အဖွဲ့ဝင် သံဃာတော် အပါး ၁၈၀ နဲ့ လူပုဂ္ဂိုလ် ၆၀၀ ကျော် ပူးပေါင်းပါဝင်နေပြီလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013