DVB Logo
Home
သတင်းတို
နိုင်ငံခြား သင်္ဘောကြီးများပေါ် စစ်ဆေးတော့မည်
DVB
·
October 14, 2013
Donate to DVB

နိုင်ငံခြားကနေ တရားမ၀င် အကောက်အခွန်မဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေး ဖမ်းဆီးနေတဲ့ Mobile Team အဖွဲ့တွေဟာ အခု အောက်တိုဘာလအတွင်း နိုင်ငံခြားက ၀င်လာတဲ့ ကုန်တင်သင်္ဘောကြီးတွေကိုပါ တက်ရောက် စစ်ဆေးတော့မယ်လို့ ရန်ကုန် Mobile Team အဖွဲ့ဝင်တဦး ပြောပါတယ်။

မြန်မာနိုင်ငံထဲကို ၀င်ရောက်လာတဲ့ ကုန်စည်တွေအနက် ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းဟာ ရေကြောင်းက ၀င်ရောက်လာတာဖြစ်တဲ့အတွက် ခုလို စစ်ဆေးဖို့ လုပ်ရတာလို့ သူက ပြောပါတယ်။

လက်ရှိ Mobile Team အဖွဲ့တွေဟာ မူဆယ် - မန္တလေး လမ်းပေါ်၊ မြ၀တီ- ရန်ကုန်လမ်းပေါ် နဲ့ ရန်ကုန်ဝင်ပေါက်က ပြည်တွင်းရေယာဉ်တွေ၊ ရန်ကုန်က စက်မှုဇုန်နဲ့ ဂိုဒေါင်တွေမှာ အကောက်ခွန်မဲ့ ပစ္စည်းတွေ ၀င်ရောက်စီးနင်း ရှာဖွေ သိမ်းဆည်းပြီး တရားရုံးကို တင်ပို့နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကစတဲ့ ဒီ အကောက်ခွန်မဲ့ ကုန်စည် ဖမ်းဆီးရေးအဖွဲ့ဟာ တရားမ၀င် ကုန်စည်
တန်ဖိုး စုစုပေါင်း ကျပ်ငွေ ၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013