DVB Logo
Home
စီးပွားရေး
မြန်မာ့ရေကျိုငါးပိကို သံသယ မရှိပဲ စားနိုင်တယ်
DVB
·
October 14, 2013
မြန်မာ့ရေကျိုငါးပိကို သံသယ မရှိပဲ စားနိုင်တယ်
Donate to DVB

မြန်မာ့ရေကျိုငါးပိကို သံသယ မရှိပဲ စားနိုင်ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်နဲ့ ငံပြာရည် လုပ်ငန်းရှင်များအသင်း (ယာယီ) က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန် ပန်ဒါ ဟိုတယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံစိတ်ချစွာ စားသုံးနိုင်တဲ့ ရေကျိုငါးပိဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲ မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန အစာအဟာရ သုတေသန ဦးစီးဌာန အငြိမ်းစား ပါမောက္ခဒေါ်စန်းစန်းမြင့်က ရေကျိုငါးပိမှာပါတဲ့ ယူရီးယားဟာ သူဖာသာသူ ထားရင်လည်း အငွေ့ပျံသွားနိုင်တဲ့အကြောင်း၊ ရေနဲ့ အချိန်ကြာကြာကျိုရင် အငွေ့ပျံပြီး လုံးဝ ပျောက်သွားနိုင်တဲ့အတွက် အန္တရာယ် မရှိကြောင်း စိတ်ရှင်းရှင်းနဲ့ စားနိုင်ကြောင်း ပြောပါတယ်။

လောလေဆယ် ရေကျိုငါးပိမှာ ဓာတ်မြေဩဇာ ထည့်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် ရေကျိုငါးပိ ထုတ်လုပ်ရေးလုပ်ငန်းမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုကြပါတယ်။

မြန်မာ့အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(အက်ဖ်ဒီအေ) ကတော့ ငါးပိရေကျို နမူနာ ၃ ခုထဲမှာ ယူရီးယား ပါဝင်နေတယ်ဆိုတာ ထုတ်ပြန်ထားပေမယ့် ဓာတ်မြေဩဇာ အသုံးပြုခြင်း ဟုတ်၊ မဟုတ်တော့ ပြောဆိုထားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013