DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို အမှုဖွင့်ပြီး မုံရွာထောင်တွင် ချုပ်နှောင်
DVB
·
March 2, 2021
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့ကို အမှုဖွင့်ပြီး မုံရွာထောင်တွင် ချုပ်နှောင်
Donate to DVB

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဥပဒေချုပ် ဦးခင်မောင်လှတို့ကို အာဏာသိမ်းစစ်ကောင်စီက  နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ကာ မုံရွာအကျဉ်းထောင်မှာ ချုပ်‌နှောင်ထားပါတယ်။

ဒီအတွက် မုံရွာမြို့က တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက မုံရွာထောင်ကို သွားရောက်ကာ ရှေ့နေလွှဲစာရရှိရေးနဲ့ တွေ့ဆုံခွင့်ရရှိရေးတောင်းဆိုခဲ့ပေမယ့် လွှဲစာမှာ လက်မှတ်ထိုးတာကိုတော့ရရှိခဲ့ပြီး တွေ့ခွင့်တော့ မရရှိခဲ့ပါဘူး။ 

ရုံးချိန်းကိုတော့ မတ်လ ၅ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။ ရှေ့နေ အတွက်တော့ အစွပ်အစွဲခံရသူနဲ့တွေ့ခွင့်မရတာဟာ  အမှုအတွက် အကြီးမားဆုံး အခက်အခဲပဲလို့ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးချုပ်နဲ့  ဥပဒေချုပ်တို့ကိုသာ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးတွေကိုတော့ မနေ့က နေအိမ်အရောက် ပြန် ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013