Home
မြန်မာသတင်း
ရန်ကုန်တွင် အကြမ်းဖက်ဖြိုခွင်းမှုများအကြားမှ အရှိန်အဟုန်ဖြင့် ဆက်လက်ဆန္ဒပြနေ
DVB
·
March 2, 2021
156476744_835845223671611_3290582154721975880_n
156258714_835845183671615_4253282133728908026_n
156222985_835844883671645_7046330735221696167_n
156039332_835844973671636_637256014139103185_n
155922213_835844933671640_9212926235623776137_n
155543387_835845150338285_2080119411544132970_n
155361021_835845100338290_3450019145253652106_n
155338757_835844843671649_5101530386172633965_n
155307778_835845257004941_5949406168630495266_n
155126305_835844727004994_215692250567647981_n
155086572_835844770338323_2958777522864695607_n
155014338_835845047004962_554959303892897567_n
154780235_835845020338298_7849434699547206594_n

ရန်ကုန်မြို့လယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လူထုကို အကြမ်းဖက်ဖြိုခွင်းမှုတွေ အဆက်မပြတ်လုပ်နေပေမဲ့  မြို့လယ်ခေါင်မှာသာမက မြို့နယ်လေးတွေမှာပါ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မပျက် ဆက်လက် မြင့်တက် နေပါတယ်။

တာမွေမြို့နယ်အတွင်းမှာလည်း ကျောက်မြောင်းသပိတ်စစ်ကြောင်းက  လူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး  အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ 

မြို့နယ်အတွင်းထဲက လူငယ်တွေ၊ ပရဟိတအဖွဲ့တွေကပဲ လုံခြုံရေးအင်အားအပြည့်ယူပြီး စောင့်ရှောက်ပေးနေပါတယ်။ ဒီနေ့မနက်အစောပိုင်းက လူငယ်တွေလည့်လှည်ဆန္ဒပြခဲ့ကြပြီးနောက်  မနက် ၁၁ နာရီခွဲမှာ လူစုခွဲပြီး ညနေ ၃ နာရီခွဲကြရင် ပြန်လည်စုဝေး ဆန္ဒပြမယ်လို့သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာလည်း   Generation X,Y,Z အကုန်ပါတဲ့ ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆန္ဒပြမှုကို လူအင်အားရာနဲ့ချီ ဆင်နွှဲနေကြပါတယ်။

အခုအချိန်ထိ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားဆီးနှိမ်နင်းတာတော့ မတွေ့ရသေးပါဘူး။ အရင်ရက်တွေကတော့ စစ်ကား ၊ရဲကားတွေနဲ့ လူစိမ်းတချို့  ဒီမြို့နယ်ထဲမှာ ဝင်ထွက်သွားတာ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024