DVB Logo
Home
မြန်မာသတင်း
ထိုင်းရေပိုင်နက်တွင် မြန်မာလှေမှောက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး
DVB
·
October 14, 2013
ထိုင်းရေပိုင်နက်တွင် မြန်မာလှေမှောက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး
Donate to DVB

မြန်မာနိုင်ငံ ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို ၀င်ရောက်လာတဲ့ စက်လှေတစီး ပင်လယ်ထဲမှာ နစ်မှောက်ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံးသွားပါတယ်။

လူပေါင်း ၃၀ ကျော် စီးနင်းလိုက်ပါလာတဲ့ အဲဒီလှေဟာ လွန်ခဲ့တဲ့ အပတ်ကတည်းက မြန်မာပြည်ကနေ ထွက်ခွာလာတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ စုစုပေါင်း ၁၂ လောင်း တွေ့ရှိပြီး မနေ့က  ကယ်ဆယ်ရေးလုပ်သားတွေက  နောက်ထပ် ၂ လောင်း ထပ်တွေ့တယ်လို့ ရနောင်း မိဿ ဟာယ နာရေးကူညီမှုအသင်းက ကိုသားငယ်က ပြောပါတယ်။

လောလောဆယ် သေဆုံးသူတွေရဲ့ အလောင်းကို ရနောင်းဆေးရုံ ရင်ခွဲရုံမှာ ထားရှိပြီး  သက်ဆိုင်ရာ မိဘဆွေမျိုးတွေရဲ့ လာရောက် ဆက်သွယ်မှုကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အားလုံးဟာ ထားဝယ်ခရိုင်ကလို့ ယူဆရပြီး ကိုယ့်မိသားစုထဲက ပျောက်ဆုံး နေတာရှိရင်  ရနောင်း မိဿဟာယ နာရေးကူညီမှုအသင်းက ဖုန်းနံပါတ် ၀၈၉ ၆၄၅၇ ၄၈၅ ကို အမြန်ဆုံး ဆက်သွယ်ဖို့ ကိုသားကျော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းသတင်းဌာန ဖော်ပြချက်မှာတော့ အောက်တိုဘာ ၁၀  ရက်နေ့က ရနောင်းခရိုင် ကော်ချန့်ကျွန်းနဲ့ ကော်ဖယမ်းကျွန်းစုအနီးမှာရော၊ ခေါင်နန်း ဟုန်တောစပ်နားမှာပါ ပြန့်ကျဲနေတဲ့အလောင်းတွေ တွေ့ရှိကြောင်း၊ ရွာသားတွေက အကြောင်းကြားတဲ့အတွက် ထိုင်းကယ်ဆယ်ရေးလုပ်သားတွေက သွားရောက် ဆယ်ယူခဲ့ တယ်လို့ ဆိုပါတယ်။

ရနောင်းကယ်ဆယ်ရေးအဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ကနေ စတင်ပြီး   ရေနစ်သူတွေကို ရှာဖွေရာမှာ ၁၂ ရက်နေ့ထိ ၁၃ လောင်း တွေ့ရှိခဲ့ပြီး အားလုံး အသက် ၂၅ နှစ် နဲ့ ၃၅ နှစ်ကြား ဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လက်မှတ်အထောက်အထား မရှိတဲ့အတွက် ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့  မြန်မာအလုပ်သမားသမားတွေလို့ ယူဆရကြောင်း၊ အလောင်းတွေဟာ လွန်ခဲ့တဲ့ ၄-၅ ရက်ကတည်းက သေဆုံးတယ်လို့ ယူဆရပြီး ခန္ဒာကိုယ်မှာ ပင်လယ်သတ္တ၀ါတွေ ထိုးဆွထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရနောင်းကယ်ဆယ်ရေးဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင်  နိုင်းဆုမ်ချိုင်း ဗိုချုမ့်ရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရနောင်းခရိုင် ပါတ်နမ့် (မြစ်ဝ) ရဲစခန်းမှူး ဗိုလ်မှူး ၀ုဒ်ဖန လင်ထောင်းန်က သတင်းထောက်တွေကို ပြောကြားရာမှာ အဆိုပါ စက်လှေဟာ မြန်မာ ဘက်ခြမ်း ကော့သောင်းကနေ အောက်တိုဘာ ၉ ရက်နေ့ညက ထွက်ခွာလာပြီး ည သန်းခေါင်ယံလောက်မှာ မုန်တိုင်းမိပြီး  အမြင့် ၂ မီတာရှိ လှိုင်းပုတ်တဲ့ဒဏ်ကြောင့်   လှေမှောက် ခဲ့ရတယ်လို့ ဆိုပါတယ်။

လှေပေါ်မှာ လူပေါင်း ၃၀ ကျော်ပါလာပြီး လောလောဆယ် ပျောက်ဆုံးနေသူ ၂၀ ကျော်ရှိတယ်လို့ ရဲစခန်းမှူးက ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013