DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် တရားမ၀င် ရေလုပ်သားများကို အထောက်အထားလုပ်ပေးမည်
DVB
·
October 13, 2013
Donate to DVB

ထိုင်းနိုင်ငံမှာ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေအတွက် အထောက်အထားတွေ ထုတ်ပေးဖို့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေစ့်ဟိုတယ်မှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_44800" align="alignright" width="300" caption="ထိုင်းငါးဖမ်းလှေတစီးပေါ်တွင် တွေ့ရသည့် မြန်မာရေလုပ်သားများ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

တွေ့ဆုံဆွေးနွေးမှုကနေ ထိုင်းနိုင်ငံမှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းရေလုပ်သားတွေကို ၁ နှစ်အတွင်း စာရင်းပြုစုပြီး အထောက်အထားတွေ ထုတ်ပေးမယ်ဆိုတဲ့ သဘောတူညီချက် ရရှိခဲ့တယ်လို့ အလုပ်သမားရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

“အခုတော့ သူတို့မှာ လာပြီးတော့ စာရင်းတင်တဲ့သူ နည်းသေးတယ်။ အဲ့ဒီတော့ သူတို့ရဲ့ အလုပ်ရှင်တွေကို ပိုပြီးတော့မှ နှိုးဆော်ပေးဖို့ပေါ့နော့်။ ကျနော်တို့ ဒီအရေအတွက်က နည်းလွန်းတယ်။ ၃ လဆိုရင် အများကြီး ဖြစ်သင့်နေပြီ။ သူတို့က   ရေလုပ်သားတွေ ထောင်ဂဏန်းကျော်ကျော်ရှိတယ်လို့ ပြောသေးတော့၊ မကဘူး ဒီထက် အများကြီး ဖြစ်သင့်တယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံ ရေလုပ်သားတွေရဲ့ စာရင်းကို ကောက်ခံ လျက်ရှိပေမယ့် ၁ ထောင်ကျော်သာ စာရင်းကောက်ခံလို့ရသေးကြောင်း၊ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဘက်မှ ခန့်မှန်းထားချက်အရ ထိုင်းနိုင်ငံမှာ တရားမ၀င် ငါးဖမ်းလုပ်သားအဖြစ် လုပ်ကိုင်နေသူ ၅ သောင်းမှ ၁ သိန်းကြားရှိကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို ဖွင့်လှစ်ပေးထားပြီး ၂၀၁၃ ခုနှစ် ဩဂုတ် ၁၃ ရက်နေ့အထိ တရားမ၀င် မြန်မာလုပ်သားပေါင်း ၁၆ သိန်းကျော်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံသဘောတူညီချက် (အမ်အိုယူ) နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိစ္စ၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ကျန်သေးတဲ့     မြန်မာ အလုပ်သမားတွေရဲ့ ကိစ္စကိုလည်း နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်နဲ့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်က အလုပ်သမားပေါင်း ၃ သန်းလောက် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013