DVB Logo
Home
မြန်မာသတင်း
တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၅ ဦး သေဆုံး
DVB
·
October 13, 2013
တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၅ ဦး သေဆုံး
Donate to DVB

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို အောက်တိုဘာ ၁၂ ရက်နေ့က နာရီ (Nari) တိုင်ဖုန်းမုန်တိုင်း ၀င်သွားတာကြောင့်  လေပြင်းနဲ့အတူ မိုးသည်းစွာရွာသွန်းခဲ့ပြီး ရေကြီးခဲ့လို့ မြေတွေပြိုကာ အနည်းဆုံးလူ ၅ ဦး သေသွားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

နာရီအမည်ရ တိုင်ဖုန်းမုန်တိုင်းဟာ အော်ရိုရာ (Aurora) ပြည်နယ်အရှေ့ပိုင်း ကမ်းရိုးတန်းကို မနက်အစောပိုင်းမှာ စ၀င်ရောက်ခဲ့တာဖြစ်ပြီး မုန်တိုင်းဖြတ်သွားရာ နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ သစ်ပင်တွေလဲကာ ရေတွေကြီးတာတွေ ဖြစ်ခဲ့တာပါ။

ဆန်ထုတ်တဲ့ဒေသ နွေးဗားအေစီးဟပြည်နယ်မှာ လေပြင်းတွေကြောင့် ကောက်ပဲသီးနှံတွေ အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။

လယ်သမား ဟိုဆေးဆိုးပီယာနိုက ရိတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သူ့ရဲ့ စပါးခင်းတွေကို အဖတ်မဆယ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော် ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျနော် နောက်တခေါက် ပြန်စိုက်ရတော့မယ်။ ဒါပေမယ့် ပိုက်ဆံလည်း မရှိတော့ပါဘူး” လို့ သူပြောသွားတာပါ။

ပန်ဂါစီနမ် (Pan ga si nan) နဲ့ ဘူးလာကန်ပြည်နယ်တွေမှာလည်း ရေကြီးနေပြီး အဓိကလမ်းမတွေ သွားလို့မရတော့တဲ့အပြင် လျှပ်စစ်မီးတွေလည်း ပြတ်နေပါတယ်။

ဒေသခံအမျိုးသမီးတဦးက “ရေကြီးတာကို ရှောင်ဖို့ ဒီမှာ အိမ်ဆောက်ပြီး လာနေတာ။ ရေကြီးတာကနေ လွတ်ခဲ့တယ်၊ ဒါပေမယ့် လေက အိမ်ကို ဖျက်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး” လို့ ပြောပါတယ်။

သစ်ပင်ပိလို့ လူ ၃ ဦးသေဆုံးခဲ့ပြီး ဓာတ်လိုက်လို့ လူ ၁ ဦး သေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမား ၁ ဦးလည်း မြေပြိုရာမှာ ပိမိပြီး သေခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အရာရှိတွေက သတင်းထုတ် ပြန်ပါတယ်။

ကာတန် သူးဝါးနက်စ် (Catan duanes) ပြည်နယ်က ငါးဖမ်းသမား ၃  ဦးလည်း အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ပင်လယ်ထဲမှာ ပျောက်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

လေတိုက်နှုန်း ၁ နာရီကို ၁၂၀ ကနေ ၁၅၀ ကီလိုမီတာရှိတဲ့ တိုင်းဖုန်းမုန်တိုင်း နာရီဟာ တောင်တရုတ်ပင်လယ်ထဲမှာ အနောက်ဘက်ကို ဆက်ရွှေ့နေခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံပိုင်နက်ထဲကနေ ဒီနေ့ ထွက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013