DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်း အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲဟု ကုလသမဂ္ဂ ပြော
DVB
·
February 28, 2021
သံအမတ်ကြီး ဦးကျော်မိုးထွန်း အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲဟု ကုလသမဂ္ဂ ပြော
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တရားဝင် ဆက်ရှိနေဆဲပဲလို့  ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖ်နီ ဒူဂျာရစ်က ပြောပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂဟာ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရသစ်လို့ တရားဝင် အသိအမှတ် မပြုထားတဲ့အပြင် အပြောင်းအလဲဆိုင်ရာ ဘယ်လို တရားဝင် အကြောင်းကြားစာမှ မရသးတဲ့ အတွက် ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် အဖြစ်အခုလည်း ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖ်နီ ဒူဂျာရစ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိတဲ့အတွက် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း  မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ  ကြေညာခဲ့ပါတယ်။ 

 ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထုတ်ပယ်လိုက်တယ် ကြေညာခဲ့ပေမယ့် သူကတော့ စွမ်းသလောက် ပြန်တိုက်ပွဲဝင်သွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ်စတင်းဘာဂီနာကလည်း မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံကမှ တရားဝင် အသိအမှတ်မပြုသင့်ဘူးလို့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အဖွဲ့ဝင်အဖြစ်ပါရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြား ထားပါတယ်။

တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ဥပဒေနဲ့မညီတဲ့ အမိန့်ကြော်ငြာစာတွေဟာ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို လွှမ်းမိုးပယ်ဖျက်ခြင်းမပြုနိုင်ရုံမက ပြည်သူ့အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းရဲ့ တရားဝင်မှုကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH) က ဒီကနေ့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013