စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတဦးက “ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ခန္တီးမြို့တွင်း လှည့်လည်ဆန္ဒပြပြီး ခန္တီးမြို့ မြို့မဘုန်းကြီးကျောင်းရှေ့မှာ ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်နေတာ ရဲတပ်ဖွဲ့ရောက်လာပြီး ဆန္ဒပြတဲ့လမ်းတွေ ပိတ်ထားခဲ့တယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ဆန္ဒပြသူတွေညှိနိုင်းခဲ့ပြီး ဆန္ဒပြသူတွေ လူစုခွဲခဲ့ပါတယ်။” လို့ ပြောပါတယ်။
ခန္တီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြည်သူတွေက နေ့စဉ်လိုလို ကျင်းပနေတာလည်း ဖြစ်ပါတယ်။
အောင်ဆန်းမြင့်