DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ပျက်သွားပြီဟုပြောဆိုချက် အန်အယ်လ်ဒီ ပယ်ချ
DVB
·
February 26, 2021
၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ပျက်သွားပြီဟုပြောဆိုချက် အန်အယ်လ်ဒီ ပယ်ချ
Donate to DVB

တရားမဝင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ ပြောဆိုချက်ကို လုံးဝလက်မခံ အသိအမှတ်မပြုတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာပါတယ်။

အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွား ပြီဖြစ်ကြောင်း  ဦးသိန်းစိုးက   ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့အပေါ် အန်အယ်လ်ဒီက တုံ့ပြန်လိုက်တာပါ။ 

ဒီအစည်းအဝေးကို အန်အယ်လ်ဒီပါတီ အပါအဝင် အဓိက တိုင်းရင်းသားပါတီတွေက မတက်ရောက်ဘဲ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေအများစုသာ တက်ရောက်ခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေအပါအဝင် မည်သည့်ကမ္ဘာ့နိုင်ငံတွေကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံမထားတဲ့ အာဏာသိမ်း စစ်အုပ်စုသာဖြစ်တယ်   အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တရားမဝင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခန့်အပ်ပိုင်ခွင့် လုံးဝမရှိတဲ့အတွက် ကော်မရှင်သစ်ဟာလည်း တရားဝင်အဖွဲ့အစည်းမဟုတ်လို့ ဒီအဖွဲ့ကို ကိုယ်စားပြု ပြောဆိုတာ မှန်သမျှဟာလည်း တရားမဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွားကြောင်း ပြောဆိုတာဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လစ်လျူရှုစော်ကားတာ ဖြစ်သလို နိုင်ငံအနှံ့ တောင်းဆိုနေတဲ့ ပြည်သူဆန္ဒကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ လည်းဆိုပါတယ်၊ 

အန်အယ်လ်ဒီအနေနဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တခဲနက် ဖော်ထုတ်ခဲ့တဲ့ ပြည်သူ့ဆန္ဒကို အလေးအနက် ပြုပြီး ပြည်သူလူထုအပေါ် သစ္စာစောင့်သိစွာ ဆက်လက်ရပ်တည်သွားမယ်လို့ အန်အယ်လ်ဒီ ပါတီက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013