DVB Logo
Home
မြန်မာသတင်း
ဂျပန်သတင်းထောက် ပြန်လွတ်
DVB
·
February 26, 2021
ဂျပန်သတင်းထောက် ပြန်လွတ်
Donate to DVB

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က ဒီကနေ့မနက်မှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့  နစ်ကေးအေရှ ဂျပန်သတင်းမှာ ဖော်ပြပါတယ်။

ဒီနေ့မနက် မြေနီကုန်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူထုကို  ရဲတပ်ဖွဲ့က  အဓမ္မဖမ်းဆီးနေစဉ် သတင်းယူနေတဲ့ ဂျပန်လူမျိုး သတင်းထောက် ခိတဇုမိကို ရဲတွေက အတင်းအဓမ္မ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မစ္စတာ ခိတဇုမိက သူဟာ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့  ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ  သူ့ရဲ့မိတ်ဆွေထံဖုန်းနဲ့ text message စာပို့ခဲ့တယ်လို့ ဆိုပါတယ်။ အခုညနေ ၄ နာရီခွဲလောက်မှာတော့  ပြန်လွတ်လာတဲ့အကြောင်း နစ်ကေးသတင်းထောက်ဆီ   မက်ဆေ့ချ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။   

မစ္စတာခိတဇုမိ ဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊

ဂျပန်သတင်းထောက် တစ်ယောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာကို ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ်က အတည်ပြုကြောင်းပြောကြားခဲ့သလို ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကကလည်း ဒီကိစ္စ အလျင်အမြန် လိုက်လံဆောင်ရွက်နေပါတယ်လို့ ဂျပန်သတင်းတွေမှာ အစောပိုင်းက  ထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားသား သတင်းထောက် တစ်ဦး ပထမဆုံးအကြိမ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013