DVB Logo
Home
သတင်းတို
နိုင်ငံခြားဖြစ် ဘီယာ၊ အရက်များကို ဆက်တိုက် ဖမ်းဆီးနေ
DVB
·
October 11, 2013
Donate to DVB

တရားမ၀င် မှောင်ခိုကုန်ပစ္စည်းတွေကို ဖမ်းဆီးအရေးယူနေတဲ့ Mobile Team အဖွဲ့ဟာ အခုရက်ပိုင်းအတွင်း ဂိုဒေါင်တွေမှာ သိမ်းဆည်းထားတဲ့ နိုင်ငံခြားဖြစ် ဘီယာနဲ့ အရက်တွေကို ဆက်တိုက် ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးနေကြောင်း အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က ရွှေပြည်သာစက်မှုဇုန်နယ်မြေ သံချက်ဝန်လမ်းက ဂိုဒေါင်တခုကို ၀င်ရောက်စီးနင်းပြီး ဘီယာချမ်း၊ ဘာဗေးရီးယား အပါအ၀င် ဘီယာ မျိုးစုံ ဖာပေါင်း ၂၀၀၀ နီးပါးနဲ့ ထိုင်းနိုင်ငံထုတ် စပရိုက်အချိုရည် ဖာ ၅၀ ကို သိမ်းဆည်းခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၈ ရက်နေ့ကလည်း ဘုရင့်နောင်ပွဲရုံပတ်လမ်းက ပွဲရုံဝင်းထဲမှာ ဘလက်လေဘယ်လ်၊ ရစ်လေဘယ်လ်၊ ဟိုင်းကော်မရှင်နာ အပါအ၀င် နိုင်ငံခြားဖြစ် အရက်ပုလင်း ၆၀၀ ကျော်၊ ကားလ်ဘတ်စ်၊ ဘီယာချမ်း အပါအ၀င် ဘီယာမျိုးစုံ ဖာပေါင်း ၃၀၀၀ ကျော် တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားဖြစ် အရက်နဲ့ ဘီယာမှန်သမျှ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ တချို့ကို တင်သွင်းခွင့် အနည်းငယ် ပေးထားတာကလွဲရင် အားလုံးကို တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။

ဒီအတွက် နိုင်ငံအတွင်းက နိုင်ငံခြားဖြစ် အရက်နဲ့ ဘီယာ အားလုံး တရားမ၀င် အကောက်အခွန်မဲ့ တင်သွင်းလာတာတွေဖြစ်ပြီး လောလောဆယ် မိုဘိုင်းတင်းမ်အဖွဲ့က လမ်းပေါ်မှာရောနဲ့ ဂိုဒေါင်တွေမှာပါ ၀င်ရောက် ဖမ်းဆီးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013