DVB Logo
Home
သတင်းတို
နိုင်ငံတကာ ထီစနစ် ပြောင်းလဲရန် လေ့လာနေ
DVB
·
October 11, 2013
နိုင်ငံတကာ ထီစနစ် ပြောင်းလဲရန် လေ့လာနေ
Donate to DVB

အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ လက်ရှိ ထီစနစ်အစား နိုင်ငံတကာမှာ ဖွင့်လှစ်နေတဲ့ ကွန်ပျူတာ အခြေပြု ထီစနစ်ကို ပြောင်းလဲဖို့ လေ့လာနေတယ်လို့ ဘဏ္ဍာရေး ဒုဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြင်းခြံအမတ် ဦးဝင်းမြင့်က လက်ရှိ အစိုးရက တစောင် ကျပ် ၂၀၀ နဲ့ ထုတ်ဝေရောင်းချနေတဲ့ ထီလက်မှတ်တွေကို ပြည်သူတွေက ကျပ် ၂၅၀ ကနေ ၃၅၀ အထိ ၅၀ ရာခိုင်နှုန်းကျော် အမြတ်အစွန်းများစွာပေးပြီး ၀ယ်ယူ ကံစမ်းနေရတယ်၊ ဒီအပေါ်မှာ ထီကုန်သည်ကြီး တချို့ကပဲ ကာလကြာရှည် အကျိုးအမြတ်တွေ ကြီးမားစွာရနေကြတယ်။

အဲဒီ ပြဿနာအပေါ် အစိုးရက ဘယ်လို ပြုပြင်ဖို့ ရှိမလဲ ဆိုတဲ့ မေးခွန်းကို ဒုဝန်ကြီးက ပြန်ဖြေခဲ့တာပါ။
အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ လစဉ်ထီဖွင့်ပြီး ထီရောင်းလို့ရတဲ့ ငွေထဲက ၄၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ရယူကာ ကျန် ၆၀ ရာခိုင်နှုန်းကို ပေါက်မဲတွေအတွက် ပြန်ပြီး ခွဲဝေပေးလျက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013