DVB Logo
Home
သတင်းတို
ကနေဒါ စာရေးဆရာမကြီး အဲလစ်မွန်ရို စာပေနိုဘယ်လ်ဆု ရရှိ
DVB
·
October 11, 2013
ကနေဒါ စာရေးဆရာမကြီး အဲလစ်မွန်ရို စာပေနိုဘယ်လ်ဆု ရရှိ
Donate to DVB

ကနေဒါ စာရေးဆရာမကြီး အဲလစ်မွန်ရိုဟာ ၂၀၁၃ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို အောက်တိုဘာ ၁၀ ရက်နေ့က ရရှိခဲ့ပါတယ်။

သူဟာ ကနေဒါ မြို့ယ်လေးတခုက အမျိုးသမီးတွေရဲ့ ရုန်းကန်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ အဖြစ်ဆိုးတွေအကြောင်း ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတွေနဲ့ နိုဘယ်လ်ဆု ရွေးချယ်ခံရတာဖြစ်ပါတယ်။

အသက် ၈၂  နှစ်အရွယ် ဆရာမကြီး မွန်ရိုကို ဆုချီးမြှင့်ရေးကော်မတီက ခေတ်ပြိုင်ဝတ္ထုတို သခင်မ လို့ ခေါ်ဆိုထားပြီး ၁၉ ရာစု ရုရှဝတ္ထုတို စာရေးဆရာကြီး ချက်ကော့ဗ်နဲ့ နှိုင်းယှဉ်ကာ ကနေဒါလူမျိုး ချက်ကော့ဗ်လို့ ဆွီဒက်အကယ်ဒမီရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

နှလုံးခွဲစိတ်မှုနဲ့ ကင်ဆာရောဂါ ကုသခံခဲ့ရတဲ့ စာရေးဆရာမကြီးဟာ ဒီနှစ်အစောပိုင်းတုန်းက စာရေးသားတာကို ရပ်နားလိုက်တော့မယ်လို့ ကြေညာထားခဲ့တာဖြစ်ပြီး ဒီဆုကို ရလိုက်တဲ့အတွက်လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားဖို့ မရှိဘူးလို့ ဆိုပါတယ်။

ကနေဒါနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ နိုဘယ်လ် စာပေဆု ချီးမြှင့်ခံရတဲ့ အဲလစ်မွန်ရိုကို ၀န်ကြီးချုပ် စတီဖင် ဟာပါကလည်း ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ အဲလစ်မွန်ရိုဟာ နိုဘယ်လ်ဆု ရရှိခဲ့တဲ့ ဒုတိယမြောက် ကနေဒါ စာရေးဆရာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013