DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်ဒေသ တောင်ဖြိုမိုင်းခွဲမှုကြောင့် ဒေသခံများ ကန့်ကွက်
DVB
·
October 11, 2013
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ကြေးနီစီမံကိန်း လက်ပန်းတောင်းတောင်ဒေသမှာ တောင်ဖြိုမိုင်းခွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက မနေ့က ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

တောင်ဖြိုမိုင်းခွဲမှုနဲ့ ပတ်သက်ပြီး ဇီးတောကျေးရွာ ချမ်းမြ၀င်းကျောင်းတိုက်က ဦးဇင်း ဦးအာသောက အခုလို ပြောဆိုပါတယ်။

"မနေ့က ၃ နာရီခွဲလောက်က မိုင်းခွဲခြင်းအမှုတွေ လုပ်တယ်။ လက်ပန်းတောင်းတောင် အတွင်းထဲမှာပေါ့။ လယ်တီဆရာတော်ဘုရားကြီး သိမ်ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ မိုင်းခွဲခြင်းတွေ ပြုလုပ်ပါတယ်။"

မိုးကြိုးပြင်တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာ၊  ဆည်တည်းရွာ၊ ဇီးတော၊ တုံရွာမနဲ့ တုံရွာသစ် အပါအ၀င် ရွာပေါင်း ၈ ရွာက တောင်သူလယ်သမား ၁၅၀ ကျော်က တောင်ဖြိုမိုင်းခွဲမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်

ဆည်တည်းရွာကနေ လုံထိန်းရဲတပ်ဖွဲ့ဝင်များနဲ့ ခြံစည်းရိုးခတ် သိမ်းပိုက်ထားတဲ့ နေရာအထိ ကန့်ကွက်ဆန္ဒပြ လမ်းလျှောက်ကြမယ်လို့ ဆည်တည်းရွာသား ဦးဆန်းမောင်က ပြောဆိုပါတယ်။

အခုလို အဓမ္မပြုမှုလုပ်ဆောင်နေတာဟာ ခေတ်ဟောင်း၊ စနစ်ဟောင်းက လက်ကျန်တွေ ဖြစ်တယ်လို့ ဦးဆန်းမောင်က ဆက်လက်ပြောဆိုပါတယ်။

"ဒီလို အဓမ္မပြုလုပ်ဆောင်နေခြင်းသည် ခေတ်ဟောင်း၊ စနစ်ဟောင်းက လက်ကျန်တွေ ဖြစ်တယ်။ သတ္ထုတွင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ကို အများဆုံး အန္တရာယ်ပေးနိုင်တဲ့ စီမံကိန်းတခု ဖြစ်တဲ့အတွက်ကြောင့် ဒေသခံ ပြည်သူလူထုတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ရှေ့တန်းတင်ဖို့ လိုတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013