DVB Logo
Home
မြန်မာသတင်း
ပရဟိတသမား ကိုဝေဠုကို ပြန်လွှတ်ပေးရန် ငဖဲမြို့မရဲစခန်းရှေ့ ညလုံးပေါက် ဆန္ဒပြ
DVB
·
February 26, 2021
ပရဟိတသမား ကိုဝေဠုကို ပြန်လွှတ်ပေးရန် ငဖဲမြို့မရဲစခန်းရှေ့ ညလုံးပေါက် ဆန္ဒပြ
1 / 6
Donate to DVB

ပုဒ်မ ၅၀၅- ကနဲ့  ဖမ်းဆီးခံထားရတဲ့ ကိုဝေဠုကို ပြန်လွှတ်ပေးဖို့ ငဖဲမြို့မရဲစခန်းရှေ့မှာ ပြည်သူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ညလုံးပေါက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ပရဟိတသမား ကိုဝေဠုအား ပြန်လွှတ်ပေးဖို့ လူထုက ပဒါန်းရဲစခန်းရှေ့မှာ တစ်ကြိမ်တောင်းဆိုခဲ့ကြပြီးနောက် ငဖဲမြို့မစခန်းရှေ့မှာ မွန်းလွဲ ၃ နာရီလောက်ကတည်းက စုဝေးတောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

“ဖဲမြို့လူထုကတော့ ကိုဝေဠု မလွတ်မချင်း ညလုံးပေါက် ဆန္ဒပြတောင်းဆိုသွားဖို့ ဆုံးဖြတ်ထားတယ်” လို့ မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း ဦးဆောင်သူ ကိုလွှမ်းမိုးက ဒီဗွီဘီကို ပြောပါတယ်။

ကိုဝေဠုလွတ်မြောက်ရေး ရာနဲ့ချီ ဆန္ဒပြတောင်းဆိုနေသူတွေအတွက် ငဖဲဒေသခံတွေက ညစာ ထမင်း၊ ဟင်းတွေ ချက်ပြုတ် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ကိုဝေဠုဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီကျော်လောက်က  ဆိုင်ကယ်စီးလာစဥ်  ပဒါန်းရဲစခန်းရှေ့အရောက်မှာ ရဲတပ်ဖွဲ့က တားဆီးပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းဝင် ကိုဝေဠုကို အရေးယူထားတဲ့ ရာဇသတ်ကြီး ပုဒ္မ ၅၀၅-က ဟာ ရဲအရေးပိုင်တဲ့အမှုဖြစ်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်ထိ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013