DVB Logo
Home
မြန်မာသတင်း
မြန်မာ အာဆီယံဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်းယူ
DVB
·
October 10, 2013
မြန်မာ အာဆီယံဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်းယူ
Donate to DVB

မြန်မာနိုင်ငံဟာ ၁၇ နှစ်ကြာစောင့်ဆိုင်းပြီးနောက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အောက်တိုဘာ ၁၀ ရက်နေ့က ပထမဆုံး တရားဝင်လွှဲပြောင်းယူလိုက်ပြီဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်နေတဲ့ ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါစရီ ဘာဂါဝန်က အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံဟာ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို တရားဝင်လွှဲပြောင်း ရယူလိုက်တာပါ။

ဒီအစည်းအဝေးမှာ မြန်မာသမ္မတ ဦးသိန်းစိန်က အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မြန်မာရဲ့ အဓိက ဆောင်ပုဒ်ဟာ ငြိမ်းချမ်းပြီးကြွယ်ဝတဲ့ အသိုက်အ၀န်းဖြစ်ရေး ညီညီညွတ်ညွတ်ေ၇ှ့ ကိုလှမ်းကြဖို့ ဖြစ်တယ်လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံခေါင်းဆောင်တွေ ရယူခဲ့တဲ့ အောင်မြင်မှုတွေကို ဆက်လက်သယ်ဆောင်ပြီး ကျန်ရှိနေတဲ့ ရည်ရွယ်ချက်တွေ လုပ်ဆောင်ရမယ့် တာဝန်တွေကို အာဆီယံ နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။

ဒါ့ပြင် တိုင်းပြည်ရဲ့ ရည်မှန်းချက်တွေကို အထမြောက်အောင် အကောင်းဆုံးကြိုးပမ်းနေစဉ်မှာပဲ အာဆီယံရဲ့ တိုးတက်ရေးနဲ့ ညီညွတ်ရေး ရည်ရွယ်ချက်တွေအောင်မြင်အောင် မြန်မာနိုင်ငံအနေနဲ့ တာဝန်ယူမှုရှိ တဲ့ အာဆီယံ အဖွဲ့ဝင်အဖြစ် ဆက်လက်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်သွားမယ်လို့ လည်း သမ္မတကပြော သွားပါတယ်။

အာဆီယံ အစည်းအဝေး တက်ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေဟာ မကြုံစဖူးထူးကဲတဲ့ဖြစ်စဉ်တွေဖြစ်တယ်လို့ ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပေမယ့် မြန်မာပြည်မှာ ထပ်မံဖြစ်ပွားနေတဲ့ အုပ်စုလိုက် အကြမ်းဖက်မှုတွေ ဟာ စိုးရိမ်စရာ အဖြစ် ဆက်ရှိနေတုန်းပဲလို့ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာသမ္မတနဲ့ သီးခြားတွေ့ဆုံဆွေးနွေးဖို့လည်းရှိနေတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းပေမယ့် ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည့်စုံလုံလောက်ခြင်း မရှိသေးဘူးလို့ပြော ပါတယ်။

ထိုင်းနိုင်ငံက နေရှင်းသတင်းစာ အယ်ဒီတာ က၀ီကတော့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့မှာ စိန်ခေါ်မှူတွေနဲ့ အများကြီး ရင်ဆိုင်ရဖို့ရှိနေတယ်လို့ ဒီဗွီဘီကိုပြောပါ တယ်။

“ မြန်မာနိုင်ငံဟာ ၁၇နှစ်ကြာစောင့်ဆိုင်းခဲ့ပြီးတဲ့အခါမှာတော့ အာဆီယံဥက္ကဌတာဝန်ယူရ တော့မှာပါ။အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အလွန်မှ အရေးကြီးတဲ့အချိန်ခါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ပထမ အနေနဲ့ကတော့ အာဆီယံနိုင်ငံတွေ တွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပြုမှုဆောင်ရွက်တယ်ဆိုတာကို အရင်ဆုံးနားလည် ဖို့လိုပါတယ်။မြန်မာဟာ သူများနိုင်ငံတွေမှာပဲ အာဆီယံကိုသွားတက်ဖူးပါတယ်။အိမ်ရှင်အနေနဲ့ပထမ ဆုံးဆောင်ရွက်ရမှာပါ။အာဆီယံနဲ့ဆိုင်တဲ့ အစည်းဝေးပေါင်း၃၀၀ ကိုလက်ခံကျင်းပပေးရမှာဖြစ်ပါ တယ်။တစ်ဝတ်လောက်ကတော့ စီးပွားရေးနဲ့ဆိုင်တဲ့အစည်းဝေးတွေဖြစ်ပါတယ်။ဒါနဲ့ပတ်သက်တဲ့ ဘတ်ဂျတ်တွေ အစီစဉ်တွေ ၊ယာဉ်ကြောပိတ်ဆို့မှုတွေ တရားဝင်ရုံးလုပ်ငန်းတွေ ကိုကူညီပံပိုးဖို့ပြင်ထားရမှာပါ”

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့ပေမယ့် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူဖို့ ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရလို့ တာဝန်မယူနိုင်ပဲရှိခဲ့ တာပါ။ ခု သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ တက်လာချိန်မှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာ ခဲ့တာကြောင့် ဥက္ကဋ္ဌရာထူးကို ခုမှ တရားဝင်လွှဲပြောင်း ယူနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013