DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ကယ်ထုတ်
DVB
·
October 10, 2013
ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ကယ်ထုတ်
Donate to DVB

အသက် ၁၈ နှစ်အောက် ၃ ဦးအပါအ၀င် ထိုင်းငါးဖမ်းလှေပေါ်ရောင်းစားခံရတဲ့ မြန်မာလုပ်သား ၁၀ ဦးကို ထိုင်းအထူး စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန ဥက္ကဋ္ဌ ရဲမှူးကြီး နိုင်းထာရိတ့် ဖိန်းဒစ် နဲ့ အဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်င်္ပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Photo by www.dsi.go.thမြန်မာအလုပ်သမားတွေကို နယ်မြေခံ ထိုင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ချွန်ဘူရီခရိုင် ဆတဟိပ်မြို့နယ် ဆိမ်ဆန်လှေဆိပ်က မွန်ဒရီဝစ်ဆပ်ဆင် ငါးဖမ်း လှပေါ်မှာ အောက်တိုဘာလ ၅ ရက် ည ၁၁ နာရီအချိန်က သွားရောက်ကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

အမှတ် ၁၂ မိုးပြာရောင် ထိုင်းငါးဖမ်းလှေပေါ်မှာ သူတို့တတွေ အဓမ္မလုပ်အားခိုင်းစေခံရပြီး ရိုက်နှက်ခံနေရကြောင်း၊ အောက်တိုဘာ ၃ ရက် ည ၁၂ နာရီအချိန်မှာ လှေကမ်းကပ်တဲ့အချိန်မှာ ကာယကံရှင် အလုပ်သမားတဦးက အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ (အိုင်အိုအမ်) ကနေတဆင့် ဖုန်းဆက်အကူအညီတောင်းခဲ့တယ်လို့ ထိုင်းရဲအရာ ရှိတဦးက ဆိုပါတယ်။

အစပိုင်းမှာ အိုင်အိုအမ်က လူ ၆ ဦး ကို ကယ်တင်ဖိုပဲ ရဲ့ကို တိုင်ကြားခဲ့ပေမယ့် လှေပေါ်ရောက်တဲ့အခါ အခြားအလုပ်သမား ၄ ဦးကလည်း ထပ်ပြီး အကူအညီတောင်းတဲ့အတွက် စုစုပေါင်း ၁၀ ဦးကို ကယ်ထုတ်ခဲ့ကြောင်း၊ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ၃ ဦးပါဝင်ကြောင်း ရဲအရာရှိက ပြောပါတယ်။

အလုပ်သမားတွေရဲ့ ဖွင့်ဆိုချက်အရ သူတို့ကို ပွဲစားက ထိုင်းနိုင်ငံက စက်ရုံတွေမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ပို့ဆောင်ခဲ့ပေမယ့် ထိုင်းနိုင်ငံရောက်တော့ ငါးဖမ်းလှေပေါ်ပို့ခဲ့ကြောင်း၊ လုပ်အားခမရဘဲ၊ အလုပ်ကောင်းကောင်းမလုပ်ရင် ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လှေပေါ်က မြန်မာလူမျိုး အလုပ်သမားခေါင်းဆောင်တဦးနဲ့ လက်ထောက်ခေါင်းဆောင်ကို လိုအပ်သလို အရေးယူဖို့ဖမ်းဆီးထားပြီး သူတို့ကို ရောင်းစားလိုက်တဲ့ မြန်မာပြည်က လူပွဲစားကို ဖမ်းဆီးရမိဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

လောလောဆယ် သူတို့ ၁၀ ဦးကို ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် လူမှုကယ်ဆယ်ရေးဌာနမှာ စောင့်ရှောက်ထားတယ်လို့လည်း ရဲအရာရှိက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013