DVB Logo
Home
မြန်မာသတင်း
ဦးဥာဏ်ဝင်းကို ငွေဒဏ် ၁၀၀၀ ကျပ် ချမှတ်
DVB
·
October 10, 2013
ဦးဥာဏ်ဝင်းကို ငွေဒဏ် ၁၀၀၀ ကျပ် ချမှတ်
Donate to DVB

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးတဲ့မဲပြားတွေမှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းကို နေပြည်တော်နယ်မြေ ပုဗ္မသီရီမြို့နယ်တရားရုံးက ငွေဒဏ် ၁ ထောင် ကျပ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဦးဥာဏ်ဝင်းက “တရားစွဲထားတာ ၁ နှစ်ကျော်သွားပါပြီ။ အခေါက်ခေါက်အခါခါ လာခဲ့ရပါတယ်။ တရားရုံးနဲ့ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အတွက် ကျနော် လုံးဝ complain မလုပ်ဘူး။ ဒီနေ့ အမိန့်ချပါတယ်။ ဒဏ်ငွေ ၁ ထောင် ချပါတယ်။ တကယ်လို့ မဆောင်ခဲ့ရင် ထောင်တွင်း ၁ လ သွားနေရပါမယ်” လို့ ပြောပါတယ်။

ဆန္ဒမဲပြားတွေမှာ ဖယောင်းသုတ်တယ်လို့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးဥာဏ်ဝင်းကို ၂၀၁၂ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့မှာ ပုဗ္ပသီရီမြို့နယ်တရားရုံးက  ငွေဒဏ် ၁ ထောင် ကျပ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပြီး အမှုပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013