DVB Logo
Home
မြန်မာသတင်း
လူမင်း၊ စောဖိုးခွားနှင့် ဖမ်းဆီးခံ ရုပ်ရှင်၊ စာပေ၊ ဂီတအနုပညာရှင်များကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
February 25, 2021
လူမင်း၊ စောဖိုးခွားနှင့် ဖမ်းဆီးခံ ရုပ်ရှင်၊ စာပေ၊ ဂီတအနုပညာရှင်များကို ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

အာဏာသိမ်း စစ်တပ်က ဖမ်းဆီးခံထားတဲ့ လူမင်း၊ စောဖိုးခွားတို့အပါအဝင် အနု ပညာရှင်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာဆိုင်ရာ အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ဒီထုတ်ပြန်ကြေညာချက်ကိုတော့ ရုပ်ရှင်လောကသားတွေ၊ သဘင်ပညာရှင်တွေ၊ ဂီတအနုပညာရှင်တွေ၊ စာရေးဆရာ များသမဂ္ဂ၊ ကဗျာဆရာများ သမဂ္ဂ၊ Pen Myanmar၊ လွတ်လပ်သော စာပေအနုပညာတပ်ဦး၊ မြန်မာခေတ်ပြိုင်အနုပညာရှင်များအသင်း၊ ပန်းချီ ပန်းပုအနုပညာရှင်များအဖွဲ့၊ လူရွှင်တော်များသမဂ္ဂစတဲ့ အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ တပ်မတော်က လွှဲပြောင်းရယူခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုကဏ္ဍပေါင်းစုံမှာ ယိမ်းယိုင်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံရဲ့ ဒီမိုကရေစီစံနှုန်းတွေအရ နိုင်ငံသားတိုင်းဟာ မိမိတို့ရဲ့ ယုံကြည်ချက် သဘောထားတွေကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့အပြင် လွတ်လပ်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်လည်း အပြည့်အဝရှိကြောင်း၊ ဒါပေမယ့် မိမိတို့ရဲ့ ယုံကြည်ချက်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ အနုပညာရှင်တွေကို ဆက်တိုက်ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ ဖိအားပေး ခြိမ်းခြောက်တာတွေ တွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

 လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ သန်းမြင့်အောင်၊ ကဗျာဆရာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် ဒါရိုက်တာ လူမင်း၊ တေးထုတ်လုပ်သူ ဦးကြည်ဝင်း၊ ထုတ်ဝေသူ ဒေါက်တာ သန့်သော်ကောင်းတို့ကို ဖမ်းဆီးထားသလို အဆိုတော် အနဂ္ဂ၊ လင်းလင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အစီအစဉ် တင် ဆက်သူ မောင်မောင်အေး၊ အိပန်ဆယ်လိုတို့ကိုလည်း ဂုဏ်သိက္ခာနဲ့ မဆီလျော် ဖမ်းဝရမ်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အနုပညာရှင်တွေကို ဥပဒေနဲ့ မညီညွတ်စွာ ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ ဖိအားပေး ခြိမ်းခြောက်တာစတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ပြီး ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်း ထုတ်ထားသူတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013