DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ UNA မဟာမိတ်ပါတီများ မတက်
DVB
·
February 24, 2021
ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ  UNA မဟာမိတ်ပါတီများ မတက်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို  တက်ရောက်မှာမဟုတ်ဘူးလို့  စည်းလုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA ကပြောကြားလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်တဲ့အ စည်းအဝေးကို မတက်ဘူးလို့ UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ပြောပါတယ်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားပါတယ်။

UNA နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊   ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊  ပြည်သူ့ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ကလည်း တွေ့ဆုံပွဲ  မတက်ဘူးလို့ ပြောကြားထားပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013