DVB Logo
Home
မြန်မာသတင်း
ဆရာဝန် ၁ ထောင်ကျော်ကို Black list စာရင်းမှ ပယ်ဖျက်
DVB
·
October 10, 2013
ဆရာဝန် ၁ ထောင်ကျော်ကို Black list စာရင်းမှ ပယ်ဖျက်
Donate to DVB

ဆရာဝန် ၁ ထောင်နဲ့ ၁၀ ဦးကို Black list အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာမှာ အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြလိုက်ပါတယ်။

[caption id="attachment_44637" align="alignleft" width="300" caption="Photo by Ministry of Health website"]Photo by Ministry of Health website[/caption]ဒီဆရာဝန် ၁ ထောင်နဲ့ ၁၀ ဦးဟာ အရင်စစ်အစိုးရလက်ထက်ကတည်းက အစိုးရနဲ့ သဘောတူညီချက် ကတိက၀တ်တွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် Black List စာရင်းမှာ ထည့်သွင်းခံထားရသူတွေ ဖြစ်ပါတယ်။

သမ္မတရုံးရဲ့ ကြေညာချက်မှာတော့  နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ကုမ္ပဏီတွေနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို အကြောင်းအမျိုးမျိုးကြောင့် အရင်က  စာရင်းသွင်းပြီး ကန့်သတ်မှုတွေ ဆောင်ရွက်ခဲ့ပြီး ခု ပြောင်းလဲလာတဲ့ခေတ်နဲ့ အညီ ဖြေလျော့ပေးတာလို့ ဖော်ပြပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့  ကျန်းမာရေးဝန်ကြီးဌာနက စိစစ် ပေးပို့လာတဲ့  ဆရာဝန်တွေစာရင်းကို သမ္မတရုံးက ထုတ်ပြန်ကြေညာပေးတာလို့  ပြောပါတယ်။

အခုပယ်ဖျက်လိုက်တဲ့စာရင်းမှာ နယ်မပြောင်းလို့ Black List သွင်းထားတဲ့ ဆရာဝန်တွေ၊ နိုင်ငံခြား ပညာတော်သင်သွားပြီး ပြန်မလာတော့တဲ့သူတွေ၊ လုပ်သက်မပြည့်ခင် အလုပ်ထွက်သွားပြီး လျော်ကြေးပေးဆောင်ပြီးသူတွေ  ပါဝင်တယ်လို့  ကျန်းမာရေးဝန်ကြီးရုံး ဒုရုံးအဖွဲ့မှူး ဦးစိန်ဝင်းကပြောပါတယ်။

“တာဝန်ပေးတဲ့နေရာကို မသွားတာတွေ ရှိပါတယ်။ နောက်တခါ ကာလတခုမှာ ၀န်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့် ပြောင်းရွှေ့တာဝန်ချထားတဲ့အခါမှာ မသွားတာတွေ ရှိပါတယ်။ တချို့ကတော့ ပြည်ပနိုင်ငံမှာ ပညာတော်သင်သွားပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာတာတွေကြောင့် ပုဂ္ဂိုလ်တွေရှိပါတယ်။ အဲဒီ ပုဂ္ဂိုလ်များနဲ့ ပတ်သက်ပြီး ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ အရေးယူထားတာပါ။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ အရေးယူအခါမှာ သတ်မှတ်ထားတာကတော့ နေရာဒေသပြောင်းရွှေ့တာဝန်ချထားတဲ့ နေရာကို သွားတဲ့အခါမှာ ကျနော်တို့ အရင်တုန်းက ဘယ်နှစ်နှစ် တာဝန်ထမ်းဆောင်ရမယ်စသဖြင့် မူတွေရှိပါတယ်။ ပုဂ္ဂိုလ်တွေက ဌာနကင်းကွာနေတဲ့အခါမှာ ၀န်းထမ်းစည်းမျဉ်းစည်းအရ ထုတ်ပစ်တဲ့ အပိုင်းလေးတွေ ရှိပါတယ်ခင်ဗျ။ ထုတ်ပစ်တဲ့အခါမှာ ပြန်းတီးအင်အားမဖြစ်စေရေးအတွက် အမည်မဲ စာရင်း သတ်မှတ်တာပေါ့ခင်ဗျ။  အမည်မဲ စာရင်း သတ်မှတ်ထားတဲ့အတွက် ဒီပုဂ္ဂိုလ်များကို ပြည်တွင်း ပြည်ပမှာ သင်တန်းတက်ထားတဲ့ သူတွေ သင်တန်းလျှော်ကြေး ကင်းလွတ်တယ်။  တနည်းအားဖြင့် လျှော်ကြေးငွေ ကင်းလွတ်တဲ့ ပုဂ္ဂိုလ်များပါခင်ဗျ။ လျှော်ကြေးငွေ ငြိစွန်းတယ်။ ဌာနကင်းကွာလို့ အကြောင်းအမျိုးမျိုးနဲ့ ၀န်ထမ်းစည်းမျဉ်းစည်းကမ်း အရ အရေးယူတယ်၊ ထုတ်ပယ်လိုက်တယ်၊ ထုတ်ပစ်လိုက်တယ် အဲဒီ ပုဂ္ဂိုလ်များ သင်တန်းလျှော်ကြေးငွေ ငြိနေတယ်ဆိုရင်လည်း ပေးလျှော်ပြီးတဲ့ ပုဂ္ဂိုလ်ဆိုရင် အမည်မဲ စာရင်းက ပယ်ဖျက်ပေးလိုက်တာပါခင်ဗျ။”

ဒီစာရင်းဟာ ကျန်းမာရေးဌာန Black List သတ်မှတ်ထားသူ ဆရာဝန်တွေထဲက  ၁ ထောင်နဲ့ ၁၀ ဦးကို ပယ်ဖျက်ပေးလိုက်တာဖြစ်ပြီး  Black List စာရင်းဝင် ဆရာဝန်တွေ ကျန်နေသေးတယ်လို့  ဆိုပါတယ်။   ပယ်ဖျက်လိုက်သူတွေ  စာရင်းကိုလည်း  သမ္မတရုံးဝက်ဘ်ဆိုက်မှာ အမည်နဲ့ တကွ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအပြင် တခြားဝန်ကြီးဌာနတွေမှာ Black List  စာရင်းဝင်နေသူတွေ ရှိရင်လည်း ခေတ်စနစ်နဲ့ မညီတော့တဲ့အတွက် ဆက်လက် ပယ်ဖျက်ပေးဖို့ လုပ်ဆောင်နေတယ်လို့လည်း သမ္မတရုံးက စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013