DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဒုတိယအကြိမ် ဧရာဝတီ စာပေပွဲတော် ကျင်းပမည်
DVB
·
October 10, 2013
Donate to DVB

ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ ကုသိုလ်တော်ဘုရားဝင်းထဲမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၁၆ ရက်အထိ ကျင်းပဖို့အတွက် အကြိုဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။

လာမယ့်နှစ် ဒုတိယအကြိမ် ဧရာဝတီ စာပေပွဲတော်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စာပေနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခု ဟောပြောနိုင်ဖို့ ထည့်သွင်းထားတယ်လို့ စာရေးဆရာ ကျော်ရင်မြင့်က ပြောဆိုပါတယ်။

ဒုတိယအကြိမ် ပြုလုပ်မယ့် စာပေပွဲတော်မှာ ထူးခြားမှုအဖြစ် ပန်းချီပြခန်းနဲ့ ကာတွန်းပြခန်းတွေ ထည့်ဖို့ အစီအစဉ်ပြုလုပ်ထားကြောင်း စာရေးဆရာ ကျော်ရင်မြင့်က ဆိုပါတယ်။

"နိုင်ငံတကာ စာအုပ်တွေရော ပြည်တွင်းထုတ်စာအုပ်ရော၊ စာအုပ်ဆိုင်တွေလည်း ရှိမယ်။ ဒီနှစ် ပိုထူးခြားနိုင်တာကတော့  ပန်းချီဆရာနဲ့ ကာတွန်းဆရာတွေကလည်း ကာတွန်းပြပွဲနဲ့ ပန်းချီပြပွဲအထိမ်းအမှတ် အခန်းလေးတွေလည်း ပြဖို့ လျာထားပါတယ်ခင်ဗျ။"

လာမယ်နှစ်မှာ ကျင်းပမဲ့ ဒုတိယအကြိမ် ဧရာဝတီ စာပေပွဲတော်ကို မန္တလေးမှာ ကျင်းပရတာနဲ့ ပတ်သက်လို့လည်း အခုလိုပြောဆိုပါတယ်။

"ကုသိုလ်တော် ဘုရားဝင်းထဲမှာ လုပ်မှာဗျ။ အမေလူထုဒေါ်အမာရေးတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ် ရည်ရွယ်ခဲ့ရတဲ့ ပိဋကတ်တော် ကျောက်စာတွေ ရှိတဲ့နေရာအဖြစ် ထင်ရှားမှုအရ ကုသိုလ်တော် ဘုရားကို ရွေးလိုက်တာပါ။ နောက်တခုက မန္တလေးမှာ လုပ်တဲ့အတွက် မန္တလေးနဲ့ အထက်မြန်မာပြည်ဝန်းကျင်က သုတေသီတွေ ပိုပြီးတော့ နီးနီးစပ်စပ်နဲ့ စာတမ်းတွေ (ဥပမာ - မြန်မာ့ရိုးရာ ဆရာ ဦးအေးမြင့်လို) ပညာရှင်တွေ ဆွေးနွေးနိုင်ရန်အတွက် အခြေအနေပေးလို့ လုပ်တာပါခင်ဗျ။"

ကုသိုလ်တော် ဘုရားမှာ ကျင်းပခွင့်ရဖို့နဲ့ စာပေပွဲတော် ကျယ်ကျယ်ပြန့်ပြန့် အဆင်ပြေပြေ လုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရက ကူညီပေးမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။

စာပေနဲ့ ယဉ်ကျေးမှုပေါင်းစုံအတွေးအခေါ်တွေကို အပြန်အလှန်ဖလှယ်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ စာရေးဆရာ၊ ကဗျာဆရာ၊ သုတေသီ ပညာရှင်တွေပါဝင်တဲ့ ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်ကို အခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါ စာပေပွဲတော်မှာ ပြည်တွင်းပြည်ပစာရေးဆရာတွေက စာပေယဉ်ကျေးမှုတွေ ဖလှယ်ခဲ့တဲ့အပြင် နိုင်ငံတကာ စာအုပ်တွေနဲ့ မြန်မာပြည်ထုတ်စာအုပ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013