DVB Logo
Home
မြန်မာသတင်း
မြန်မာဟန်းဆန်းအလုပ်သမားများ တောင်းဆိုချက် အလုပ်ရှင် သဘောတူ
DVB
·
October 9, 2013
Donate to DVB

ရန်ကုန်တိုင်းအတွင်းက ဒဂုံအရှေ့စက်မူဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် မြန်မာဟန်းဆန်း အထည်ချုပ်လုပ်သားတွေရဲ့ တောင်းဆိုချက် ၁၇ ချက်ကို အလုပ်ရှင်ဘက်က ဒီနေ့ သဘောတူညီလိုက်ပါတယ်။

အလုပ်သမား ၁၇၀ ကျော်ဟာ မနေ့က စတင်ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး ဒုတိယမြောက်နေ့မှာ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်တာဝန်ရှိသူတွေ အလုပ်ရှင်နဲ့ ညှိနှိုင်းခဲ့တဲ့အတွက် သဘောတူညီချက် ရခဲ့တာလို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

အလုပ်သမားတွေက အလုပ်ချိန်လျှော့ပေါ့ရေး၊ ကျန်းမာရေးခံစားခွင့် ရရှိရေးအပါအ၀င် အချက် ၁၇ ချက်ကို တောင်းဆိုခဲ့တာဖြစ်ပြီး အလုပ်ရှင်ဘက်က လိုက်လျောပေးလိုက်တယ်လို့ အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်တဲ့ မချိုရီဝင်းက ပြောပါတယ်။

သူတို့ရဲ့တောင်းဆိုချက်တွေအနက် ကွမ်းစားနေရာနဲ့ ဆေးလိပ်သောက်နေရာ ထားရှိရေးတခုကိုပဲ အထည်ချုပ်လုပ်ငန်းဖြစ်တာကို အကြောင်းပြုပြီး အလုပ်ရှင်ဘက်က မလိုက်လျောဘူးလို့ အလုပ်သမားတွေကို အကူညီပေးနေတဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။
အလုပ်သမားတွေဟာ လုပ်ခလစာအနေနဲ့ အနိမ့်ဆုံးက ကျပ် ၅ သောင်းကျော်ကနေ အမြင့်ဆုံး ကျပ် ၉ သောင်းကျော်ရရှိနေကြပါတယ်။

ဒီလို ညှိနှိုင်းဆွေးနွေးမှုရလဒ်ကို အလုပ်သမားတွေဘက်က ကျေနပ်ကြပြီး မကြာခင်ကာလမှ လွှတ်တော်ကနေ အတည်ပြုပြဌာန်းတော့မယ့် အလုပ်သမား အနိမ့်ဆုံး လစာဥပဒေ ထွက်ရှိတဲ့အခါ သူတို့ရဲ့လုပ်ခလစာတွေအတွက် အာမခံချက်ရှိလာမယ့်အပေါ် ကျေနပ်မျှော်လင့်ကြောင်း အလုပ်သမားခေါင်းဆောင်ပိုင်းက ပြောပါတယ်။

ဒီအထည်ချုပ်စက်ရုံကို ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013