DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ လယ်သမားများ ဆန္ဒပြခွင့်တောင်းဆို
DVB
·
October 9, 2013
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင်းမှာ အမှတ် (၂) ထောက်ပို့ရေးတပ်ရင်းက တောင်သူတွေထံက သိမ်းဆည်းမြေဧက ၁ သောင်းကျော်အနက်  ဆယ်ပုံတပုံခန့်ကိုသာ ပြန်ပေးဖို့ သဘောတူတဲ့အတွက်  လယ်သမားတွေက ဆန္ဒထုတ်ဖော်ခွင့် တောင်းဆိုလိုက်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက  အမှတ် ၁ သကြားစက်အတွက် ကုန်ကြမ်းရရှိဖို့ တောင်သူတွေရဲ့ လယ်ယာမြေဧက ၁ သောင်းကျော်ကို သိမ်းယူခဲ့တာဖြစ်ပြီး အစိုးရသစ် လက်ထက်မှာတော့ တောင်သူတွေက သူတို့မြေတွေမှာ ပြန်လုပ်ခွင့်ရဖို့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစိစစ်ရေးကော်မတီကို တင်ပြခဲ့ပါတယ်။

ဒီအကျိုးဆက်အဖြစ် သိမ်းဆည်းမြေတွေကို ပြန်ပေးဖို့ တပ်ဘက်က သဘောတူခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က တပ်မတော် ကြံစိုက်ပျိုးရေးတပ်ရင်းက တာဝန်ရှိသူတွေက လယ်တချို့ကို ပြန်ပေးမယ်လို့ ခေါ်ယူပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်းတပ်ခွဲ (၁) ရုံးမှာ တပ်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းသန့်၊ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး မျိုးမြင့်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ခရိုင်မြေစာရင်း၊ ကျေးရွာမြေယာစီမံခန့်ခွဲမှု အဖွဲ့ကိုခေါ်ယူပြီး သိမ်းထားတဲ့ ရွာသုံးရွာကို ၁၅၂၄ ဧကပိုပဲပြန်ပေးမှာဖြစ်ကြောင်းနဲ့ ကျန်မြေတွေကိုတော့ တပ်မြေတွေ အဖြစ် ဆက်လက်သိမ်း ကျန်တာတွေက တပ်မြေတွေဖြစ်တယ်လို့ ခေါ်ယူရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီအပေါ် တပ်သိမ်းမြေရဲ့ ဆယ်ပုံတပုံခန့်သာ ပြန်ပေးဖို့ ကတိပေးတဲ့အပေါ် လယ်သမားတွေက မကျေနပ်လို့ အောက်တိုဘာ ၅ ရက်နေ့တုန်းက ဆန္ဒပြဖို့ တင်ပြခဲ့ကြပါတယ်။

ဒေသခံ လယ်သမားတဦးက “၂၆ ရက် စက်တင်ဘာလတုန်းက တပ်မတော်ကြံစိုက်ပျိုးရေးတပ်ရင်းက တပ်ရင်း တပ်ခွဲ ၁ ရုံးမှာ တပ်မှူး ဒုဗိုလ်မှူးကြီး မျိုးမင်းသန့်ရယ် ဒုတပ်ရင်းမှူး ဗိုလ်မှူး မျိုးမြင့်ဦး စရဖတို့ ခရိုင်ရေဆင်းတို့ ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့ကိုခေါ်ယူပြီးတော့ အားလုံးပေါင်း လေးရွာပေါင်းကို ၁၅၂၄ ဧကပဲ ပြန်ပေးမယ်လို့ပြောပါတယ်။ ကျန်တဲ့မြေက တပ်မြေလို့ ပြောပါတယ်။ တောင်သူတွေက မကျေနပ်တဲ့အတွက် မြို့နယ်ရဲမှူးကြီးကို သွားပြီး ဆန္ဒဖော်ထုတ်ခွင်းကို သွားရောက်တင်ပါတယ်။ ရဲမှူးကြီး ပြန်လည်ညှိနှိုင်းပေးမယ်လို့ ပြောဆိုပါတယ်။”

သိမ်းဆည်းခံရတဲ့မြေတွေက ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းအုပ်စု၊ ဖုန်းတာအုပ်စုက ဖုန်းတာရွာနဲ့ ပေကြီးရွာ၊ အုတ်ကုန်းအုတ်စုက ထောက်ရှာအိုင်ရွာတွေက ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013