DVB Logo
Home
မြန်မာသတင်း
ကျောက်တန်းမြို့တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်
DVB
·
October 9, 2013
Donate to DVB

မြန်မာ၊ အိန္ဒိယနဲ့ စင်ကာပူ နိုင်ငံစုံ ဖက်စပ်အဖွဲ့ဟာ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတခု တည်ဆောက်သွားဖို့ ရှိတယ်လို့ အစိုးရမီဒီယာကနေ ဒီနေ့ သတင်းထုတ်ပြန်သွားတယ်လို့ ရှင်းဟွာသတင်းဌာနက ဆိုပါတယ်။

နေပြည်တော်မှာ သဘောတူ လက်မှတ်ရေးထိုးကြတဲ့ နားလည်မှုစာချွန်လွှာအရ ဒီဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံမှ Orange Powergen ပရိုက်ဗိတ် လီမိတက်၊ စင်ကာပူနိုင်ငံမှ Global Adviser ပရိုက်ဗိတ် လီမိတက်နဲ့ ပြည်တွင်းက Diamond Palace Services ကုမ္ပဏီလီမိတက်တို့ကနေ BOT စနစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

စက်ရုံ တည်ဆောက်ပြီးစီးသွားရင် ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်ဓာတ်အား ပိုမို တိုးပေးနိုင်မယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း မြန်မာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ တောင်ကိုရီးယား၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေ ပါဝင်တဲ့ နိုင်ငံစုံကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတွေအောက်မှာပဲ ရန်ကုန်တိုင်းရှိ အလုံမြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ မဂ္ဂါဝပ် ၅၀၀ နဲ့ မဂ္ဂါဝပ် ၁၂၀ အသီးသီး ထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ စတင်တည်ဆောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၂-၁၃ မှာ လျှပ်စစ်ဓာတ်အားပမာဏ ၉ ဒဿမ ၇၃ ဘီလျံ ကီလိုဝပ် ပါအာဝါ ထုတ်လုပ်နိုင်ခဲ့ပေမယ့် အလုံအလောက် မသုံးစွဲနိုင်သေးပါဘူး။

လျှပ်စစ်သုံးစွဲမှု လိုလားချက် မြင့်လာတာကြောင့် မြန်မာအစိုးရအနေနဲ့ ရေအားလျှပ်စစ်အပြင် သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဓာတ်ငွေ့နဲ့ စွန့်ပစ်လောင်စာတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013