DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုစီးပွားရေးလုပ်ငန်းများ သပိတ်မှောက်ရေး ‘မဝယ်နဲ့ကမ်ပိန်း” စတင်
DVB
·
February 22, 2021
စစ်အုပ်စုစီးပွားရေးလုပ်ငန်းများ သပိတ်မှောက်ရေး ‘မဝယ်နဲ့ကမ်ပိန်း” စတင်
Donate to DVB

စစ်အုပ်စု စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေကို သပိတ်မှောက်ရေး ‘မဝယ်နဲ့ ကမ်ပိန်း’ ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြုလုပ်နေပြီး အားလုံးပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။

ဒီကမ်ပိန်းကို မြေပြင်မှာသာမက အွန်လိုင်းပေါ်ကပါ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက်လည်း ‘မဝယ်နဲ့’ ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုလည်း ဖွင့်လှစ်ထားခဲ့တာကို တွေ့ရပါတယ်။

“ကျနော်တို့ရဲ့ ‘မဝယ်နဲ့’ကမ်ပိန်းဟာ မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို လုံးဝ သပိတ်မှောက်ခြင်းအားဖြင့် စစ်တပ်ထုတ်ကုန်များကို လုံးဝမသုံးစွဲ မရောင်းချခြင်း၊ လုံးဝအခွန်မဆောင်ခြင်း ပြုလုပ်ရန် နှိုးဆော်သော ကမ်ပိန်းဖြစ်ပါသည်။ လူသားမျိုးနွယ်ပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သော၊ ကျူးလွန်လျက်ရှိသော မြန်မာစစ်အုပ်စုဟာ ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ ရပ်တည်နေတာဖြစ်သလို ဒီလုပ်ငန်းတွေက ရတဲ့ငွေနဲ့ ကျည်ကတ်ဖြည့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မြန်မာစစ်တပ်ထုတ်ကုန်များကို လုံးဝ သုံးစွဲရောင်းချခြင်းမပြုတော့ဘဲ ဒီမိုကရေစီနဲ့ တိုင်းပြည်ကို ကယ်တင်ကြဖို့၊ စစ်အုပ်စုရဲ့ စီးပွားရေးကို ချည့်နဲ့အောင်လုပ်ပြီး နိဂုံးချုပ်ပေးရန် တဖက်တလမ်းက ဆောင်ရွက်မည့် ကမ်ပိန်းဖြစ်ပါတယ်။”

'မဝယ်နဲ့' ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ စစ်အုပ်စုစီးပွားရေးလုပ်ငန်းတွေ၊ ထုတ်ကုန်တွေဖြစ်တဲ့ ဆက်သွယ်ရေးကုမ္ပဏီ MyTel၊ မြဝတီဘဏ်၊ ရွှေဘဏ်၊ Ruby Mart၊ ကန်သာယာဆေးရုံ၊ Rhino Cement၊ ရွှေမန်းသူ၊ ရှမ်းမလေး၊ ရွှေမြိုင်သူ၊ ပုသိမ်သူ အဝေးပြေးခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ရွှေဖီဦးလက်ဖက်ရည်၊ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Andaman Gold Beer ၊ Black Shield Beer တွေ၊ Red Ruby ၊ Premium Gold အမှတ် တံဆိပ်စီးကရက်တွေ အစရှိသဖြင့် ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးအာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာပါ။       အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ မြန်မာနိုင်ငံအနှံ့ ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေနဲ့အတူ ဒီကနေ့မှာတော့ နိုင်ငံလုံးဆိုင်ရာ ၂ ငါးလုံးအထွေထွေသပိတ် ဆင်နွှဲနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013