Home
မြန်မာသတင်း
ထားဝယ် ၂ ငါးလုံးအထွေထွေသပိတ် အင်အား ၄ သိန်းခန့်ပါဝင်
Aung Aung Naing
·
February 22, 2021

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ၂ ငါးလုံး အထွေထွေသပိတ်ကို ဒီနေ့မနက် စတင်ကျင်းပနေပြီး CDM ဝန်ထမ်းတွေအပါအဝင် ပြည်သူ အင်အား ၄ သိန်းလောက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ဒီနေ့သပိတ်မှာ ပညာရေးဌာနက ဆရာ/ဆရာမ ၃၃၀ ကျော်ပါဝင်ပြီး ကျန်းမာရေး၊ ရှေ့နေ၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ မီးသတ်တပ်ဖွဲ့ (ရေဖြူ)၊ အင်ဂျင်နီယာ၊ ကရင်တိုင်းရင်းသား၊ ဘဏ်လုပ်ငန်း၊ ထားဝယ်တက္ကသိုလ် ရူပဗေဒ၊ အင်္ဂလိပ်စာ၊ မြန်မာ၊ သတ္တဗေဒ အခြေခံပညာ သွေးလှူရှင်အဖွဲ့ ဘာသာပေါင်းစုံအဖွဲ့ ဂီတအနုပညာ အထွေထွေအလုပ်သမား တောင်သူလယ်သမား စုစုပေါင်း ၄ သိန်းနီးပါး ပါဝင်ခဲ့ကြပါတယ္။

ဒီနေ့မနက်စတင်တဲ့ ၂ ငါးလုံး အထွေထွေသပိတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တစုံတရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024